Part-14

514 32 3
                                    

[Unicode]

ယနေ့မနက်စာ စားချိန်လေးဟာ အတော်ကိုတိတ်ဆိတ်နေသည် တချွင်ချွင်မြည်နေတဲ့ ဇွန်းခရင်းသံများနှင့် အသက်ရှူသံများမှ လွဲရင်မည်သည့်အသံမှ မကြားရ စားဝိုင်းအလယ်မှာရပ်နေတဲ့ ဒေါ်ကြီးပုတယောက်မှာတော့ ချွေးစေးတွင်ပင်ပြန်လို့နေသည်

မြိုင်အရှေ့က နန်းကြီးသုပ်ပန်းကန်ကို တို့ဆုတ်တို့ဆုတ်သာလုပ်နေသည် ပါးစပ်ထဲသို့ရောက်သည်က နည်းပြီး ခရင်းနဲ့ထိုးဆိတ်၍ အပိုင်းပိုင်းပျက်သွားသည့် ခေါက်ဆွဲလေးဖက်​လေးများသည်သာ သနားဖွယ်ကြောင်းလှအောင် များလာသည်

မြိုင်တစုံတခုကို အတော်လေးစဥ်းစားနေပြီး စိတ်နဲ့လူနဲ့မကပ် တခါခါစိတ်ပြန်ကပ်တော့လည်း ထိုအရှေ့က သူ့လိုပဲအတွေးလွန်နေတဲ့ မောင့်ကိုခိုးခိုးကြည့်နေမိတယ် ဪတကယ်ပါ မြိုင့်နယ်လည်း ကိုယ်ယောက်ကျားကိုကိုယ် ခိုးကြည့်နေရတဲ့ဘဝ

မြိုင့်မှာ တခုခုကို ပြောဖို့ကြံရွယ်လိုက်တိုင်း တွေဝေခြင်းများကြောင့် သက်ပြင်းချသံများဖြင့်သာ အဆုံးသတ်သွားရပြန်
ထိုက်မှာလည်း ထို့အတူပင်

"ညကကိစ္စကို..''

အတော်ကြာအောင် တိတ်ဆိတ်နေပါသော လေထုအား မြိုင်က ချေပျက်ရန်လုပ်လိုက်သည် ဘာကြောင့်လည်းဆိုရင် တကယ်မနေနိုင်တဲ့သူက မြိုင်မလား သူမ မောင့်ကိုချစ်တာမို့ သူမသာလက်မြောက်အရှုံးပေးလိုက်ရပါတော့သည် သို့သော်
မောင့်ဆီမှ မည်သည့်စကားတခုလုံးမှ ပြန်မလာပဲ တိတ်ဆိတ်နေလျက်သာ 

မြိုင့်စကားမဆုံးသေး မောင့်ဆီကို ဖုန်းတကော်ဝင်လာတယ် ကျမမောင့်ဆီကိုဆက်လာတဲ့ ထိုဖုန်းကော်ကို လှမ်းကြည့်မိလိုက်ပေမဲ့ မောင်ကချက်ချင်းဆိုသလို ကောက်ကိုင်လိုက်တယ်

'မောင်ကျမကို ဖုံးကွယ်ထားချင်ပြန်ပြီ'

ဖုန်းကောက်ကိုင်လိုက်ပြီးချက်ချင်း မောင်ထိုင်နေရာကနေ ထွက်သွားတော့သည် မည်သူနဲ့ဖုန်းပြောနေမှန်းမသိပေမဲ့ မောင့်ရဲ့ ရီသံသဲ့သဲ့ကို ကျမကြားလိုက်ရတယ်...

မြိုင်စကားတောင်ဆုံးအောင် မပြောလိုက်ရ
မြိုင်ရဲ့လက်ထဲမှာရှိတဲ့ ဇွန်းကလေးဟာ မြိုင့်ရဲ့တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းကို ခံထားရသည် တားနေပါလျက်နဲ့ မျက်ရည်တွေမှာ ထပ်မံပြီး မြိုင့်ရဲ့ပါးပြင်ပေါ်ကို မဖိတ်ခေါ်ပဲနဲ့ ရောက်လာပြန်သည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now