Part_5

465 25 2
                                    

[Unicode ]

"ဒီတယောက်နဲ့ကရော ပြတ်ပြန်ပြီမလား''

TVကြည့်နေရင်း ရှင်းသန့်ဝတီရဲ့စကားကြောင့် မင်းထိုက်ဝဿန် လှည့်ကြည့်မိလိုက်ပါသည်

"ဘယ်တယောက်နဲ့လည်း''

မင်းထိုက်ဝဿန်ရဲ့ အူတူတူအကြည့်ကြောင့် ရှင်းသန့်ဝတီထရိုက်ချင်စိတ်ပင်ပေါက်သွားတော့သည်

"မိုးအိနွယ်ကိုလေ''

လူဆီနဂါးမျက်စောင်းများကျရောက်လာတော့သည် မင်းထိုက်ဿန်အတွက် ရည်းစားတယောက်ကို ၁လပြည့်အောင်တွဲဘူးလို့လား ၁လတောင်များနေပြီကို

"ရှင်းရာထူးထူးဆန်းဆန်း ငါဘယ်တုံးအတည်ချစ်ဖူးလို့လဲ''

"မသိပါဘူး ဒီတယောက်ကိုတော့တကယ်ချစ်တယ်ထင်နေတာ''

ဆူပုတ်ပုတ်နဲ့ပြောလာတဲ့ ရှင်းရဲ့မျက်နှာကို ကြည့်ပြီးတကယ်အသဲယားလာတော့သည်
'နင့်ကိုဆိုရင်တော့ ငါတကယ်အတည်ချစ်မှာပါရှင်းရာ'
မင်းထိုက်ဝဿန်ရဲ့စိတ်ထဲမှာ ထိုစကားများကိုမျိုသိပ်ထားရင်း

"တကယ်ချစ်မိတယ်ဆိုတာဘာလဲ အယုံအကြည်မရှိဘူး''

မင်းထိုက်ဝဿန်ရဲ့အပြောက စိတ်ထဲကနဲ့တခြားဆို  ဖြစ်နေလေသည်

"တော်စမ်းပါဟယ်''
ရှင်းသန့်ဝတီ မင်းထိုက်ဝဿန်ရဲ့စကားကိုမဲ့ပြုံး ပြုံးပြလိုက်ရင်း လက်ထဲကဖုန်းအပေါ် အာရုံပြန်ရောက်သွားတော့သည်

ခနအကြာ..

"အမလေး တဖုန်းလုံးလဲသူ့သတင်းတွေကြီး သူ့ပုံတွေကြီးပဲ အဲ့လောက်မာနကြီးတာကိုများ ဘာတွေကြိုက်နေကြလဲမသိဘူး''

ရှင်းသန့်ဝတီရဲ့ စိတ်ပျက်လက်ပျက် ပြောစကားသံကြောင့် တဖန်သူ့ကိုလှည့်မိသွားပြန်ရသည်

"ဘာဖြစ်လို့လဲ ရှင်းရဲ့''

"ဒီမှာလေဟယ် second yearက queenအကြောင်းပဲတတ်နေလို့ပါဟယ် ဟိုpostမှာလည်းမမမြိုင် ဒီpostမှာလဲမမမြိုင်နဲ့ မျက်စိတွေကိုနောက်လို့''

"ပြပါအုံး''

မင်းထိုင်ဝဿန် ရှင်းသန့်ဝတီကိုင်ထားတဲ့ ဖုန်းကိုလှမ်းယူလိုက်ရင်း မြန်မာဝတ်စုံကိုမှ ကျက်သရေရှိစွာ ဝတ်ဆင်ထားတဲ့ မိန်းကလေးတယောက်စာဖတ်နေသည့် ပုံပင် ဒီတိုင်းခိုးရိုက်ထားသည့်ပုံတောင် အတော်ကိုကြည့်ကောင်းလှပါသည်
အပြင်မှာဆို မည်မျှလှလိမ့်မည်ကိုပြောစရာပင်မလို

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now