Part_4

403 28 1
                                    

[Unicode]

မင်းထိုက်ဝဿန်နဲ့ရှင်းသန့်ဝတီတို့ စားသောက်ထဲထဲသို့ရယ်မောစွာဝင်လာပြီး နေ့လယ်စာအရင်စားကြသည်

ပတ်ဝန်းကျင်၏အမြင်မှာတော့ အားကျစရာစုံတွဲတွေလိုဖြစ်နေတယ် မင်းထိုက်ဝဿန်က ယောကျာ်းလေးတစ်ယောက်လို ချောမောတဲ့ ရုပ်ရည်ရှိပြီး ရှည်လျားတဲ့အရပ်ကြောင့် မသိတဲ့သူတိုင်း ယောက်ျားလေးတယောက်လို့ပဲ မှတ်ယူထားကြသည်

မင်းထိုက်ဝဿန်က အကျင့်တခုလို ရှင်းသန့်ဝတီရဲ့ ပန်းကန်ထဲက ပုဇွန်ထုတ်တွေကို အခွံနွှာပေးနေလေရဲ့

ရှင်းသန််ဝတီက ထိုကဲ့သို့ သူ့အပေါ်ဂရုစိုက်မှုတွေ အမြဲပေးသော မင်းထိုက်ဝဿန်ကို သဘောတကျကြည့်နေမိသည်

'နင်သာ ငါ့အပိုင်ဖြစ်ခဲ့ရင် အခုချိန်အပျော်ရွှင်နိုင်ဆုံးသူက ငါပဲဖစ်နေရမှာ အခုတော့ နင့်ရဲ့ဂရုစိုက်မှုတွေက ငါတစ်ယောက်ထဲအတွက် အပိုင်ဟုတ်မနေတော့ဘူးပဲ'

ရှင်းသန့်ဝတီ ထိုစကားများကို တစ်ယောက်ထဲပြောရင်း ရင်ထဲမှာ ပြောပြမရတဲ့မနာလိုမှုတွေ ဒေါသတွေရောထွေးလာတော့သည်

"ရှင်း ငါနွှာပြီးပြီစားတော့လေ''

မင်းထိုက်ဝဿန်ရဲ့ စကားကြောင့် ရှင်းသန့်ဝတီရဲ့ရုပ်မှာ ခပ်ထန်နေရာမှာ အနူးညံဆုံးအပြုံးသို့ချက်ချင်းပြောင်းသွားတော့သည်

"ငါရဲ့ထိုက်ကတကယ်အလိုက်သိတာပဲ''

ထို့နောက် ရှင်းသန့်ဝတီ မင်းထိုက်ဝဿန်နွှာပေးထားတဲ့ ပုဇွန်ထုတ်တစ်ခုကို သေချာလှီးပြီး
"ထိုက် နင်အရင်မြည်းကြည့်'' ဆို၍ မင်းထိုက်ဝဿန်အား ခွံကျွေးလိုက်တော့သည်

မင်းထိုက်ဝဿန်ကလည်း မငြင်းပါ ထိုကဲ့သို့ စားရင်းသောက်ရင်းရယ်မောနေကြလေသည် သူတို့၂ယောက်အား တစ်စုံတယောက်မှ ကြည့်နေသည်ကိုသတိမထားမိလိုက်ချေ
==========

"မသွန်းဆက်မြိုင် ရှင်ဒီနေ့တော့ ဆိုင်ကိုလာပြီပေါ့''

ဆိုင်ထဲအဝင်ဝင်ခြင်း ထိုကဲ့သို့နူတ်ဆက်ခံလိုက်ရခြင်းဖြစ်သည် ဟုတ်လဲဟုတ်ပါသည် သူဆိုင်ကိုသူငယ်ချင်းတွေနဲ့ပစ်ထားခဲ့ပြီး မောင့်နားမှာပဲနေမိနေတာရယ်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now