Part-18

395 20 4
                                    

(Unicode)

ကားတံခါးကိုဖွင့်ကာ မောင့်ရဲ့လက်မောင်းတေကိုတွဲရင်းကားပေါ်ကဆင်းလာတဲ့ မိန်းကလေးတယောက်

အသားကပ်အမဲရောင် စကပ်ပေါင်တိုနှင့် ရင်ဟိုက်နေသည့် ဖဲသားအကျီလက်ရှည်ကိုဝတ်ထား၍ ပန်းနီရောင်ကာလဆံပင်အရောင်နှင့် မိန်းကလေးတယောက်က မောင့်လက်မောင်းတွေကို သူမပခုံးပေါ်တင်ရင်း သူမအား စေ့စေ့ ကြည့်လာသည်

"မတွေ့ရတာကြာပြီနော် မသွန်းဆက်မြိုင်"

"ဒါက အမယောက်ျားပါ အမလက်ထဲကို ပေးသင့်နေပြီထင်တယ်"

" Oh! ဒို့သတိလက်လွှတ်ဖစ်သွားတယ် Sorryနော် အကျင့်ဖစ်သွားလို့"

သွန်း၏ဘေးတေချထားသော လက်သီးနှစ်ဖက်အား တင်ကြပ်စွာ စုပ်ထားရင်း အံကိုတင်းတင်းကြိတ်ကာ သူမ၏ ဝမ်းနည်းမှုတို့အား ဖုံးကွယ်ထားနိုင်ရန် သူမ ကြိုးစားနေလေသည်

ရှင်းသန့်ဝတီက သွန်းဆက်မြိုင်ရဲ့အမှုအယာ‌တို့အား တွေ့၍နီနီရဲရဲနူတ်ခမ်းထောင့်တနေရာမှာအပေါ်သို့ကော့တက်သွားတော့သည်

" မောင် အရက်တွေသောက်လာတာလား? "

သွန်း သူမဆီရောက်လာပါသော မောင်၏ခန္ဓာကိုယ်မှ အရက်နံ့ခပ်စူးစူးတို့ကို ရှူရှိတ်မိသွားလေသည်

သူမ၏အရှေ့မှ ရှင်းသန့်ဝတီအား ကြည့်ရင်း

"ကြီးပု ခြံရှေ့လိုက်ပို့လိုက်ပါအုံး"

"မသွန်းဆက်မြိုင်က ပညာသားပါပါ နှင်ထုတ်တက်သားနော် အိမ်ပိုင်ရှင်က နှင်နေပြီဆိုတော့ ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့ ဂရုစိုက်မောင်းသွားပါ"

သွန်း ရှင်းသန့်ဝတီအား ပြုံးကာပြော၍ နောက်လှည့်မကြည့်တော့ပဲ အိမ်ထဲသို့ မောင်ကိုတွဲရင်းဝင်လာတော့သည်

မောင့်အားရေဘတ်ဝတ်တိုက်ကာ အဝတ်များလှဲပေးနေရင်း မောင့်လည်တိုင်ဘေးမှ နူတ်ခမ်းနီပေနေသည်ကို သွန်း တွေ့မိလိုက်ရတော့သည်

သွန်း မောင့်အားကြည့်၍ ချုပ်တည်းထားပါသော မျက်ရည်များမှာ ပြိုကျလာရတော့တယ် သွန်းမောင်နိုးသည်မည် ကြောက်၍ အသံပင် ကျယ်ကျယ်မထွက်ရဲ မောင့်မျက်ကိုတစိမ့်စိမ့်ကြည့်ရင်း သွန်းရင်ဘတ်တေ စူးအောင့်လာရတော့သည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Όπου ζουν οι ιστορίες. Ανακάλυψε τώρα