Part-8

438 33 10
                                    

[Unicode ]

"မိသွန်း နင့်skillတွေအရမ်းတက်လာတယ်နော် ငါတို့မသိအောင်အိမ်မှာ ခိုးကျင့်နေတာမလား''

တေဇမာန်ရဲ့ ပြောသံကြောင့် မြိုင့်မှာလက်တခါခါလုပ်နေရသည်
"ပေါက်ပေါက်ရှာရှာ ငါကဆိုင်တဖက်နဲ့အားတာမဟုတ်ဘူး ဒီဆိုင်လေးတောင် ရှယ်ယာဝင်ထားလို့''

မြိုင်ပြောလို့မဆုံးသေး မီမီသော်၏မျက်စောင်းများကို ခံယူလိုက်ရချေပြီ

"အယ်မဟုတ်ဘူး ဝါသနာပါလို့လာတာ အိမ်ကဟာလေး သိပ်ကြိုက်တာမဟုတ်ဘူး''

"အမလေး နင် မ ယ က ဆိုတာငါတို့သိပါတယ် တကယ်ထဲ ဟိုးငယ်ငယ်လေးတုံးကတော့ gamerဖြစ်ချင်လွန်းလို့ စာတွေအသန်းသန်တွေကြိုးစားပြ ဇွတ်ယဥ်ကျေးတွေလုပ်ခဲ့ပြီး အခုကြမှ အိမ်ကဟာလေးက သိပ်မကြိုက်ချင်ဘူးတွေ ဘာတွေနဲ့ အမလေးတကယ်ထဲ တတ်လည်းတတ်နိုင်ကြတဲ့ဟေ့''

"ဟဲ့အဲ့လိုမျိုးမို့လည်း သူနဲ့ဖူးစာဆုံမိတာလေ''

"ဖူးစာမဟုတ်ပါဘူး playတာ နင့်ကို''

"တော်ကြပါတော့ နင်တို့နှစ်ယောက်လည်း ဒီကိစ္စပြောတာနဲ့ ထသတ်ကြတော့မယ်ဆိုတာသိရဲ့နဲ့ မိသော်နင်လည်းနော် ဟိုကယူပြီးနေလို့ ကလေးတောင်မွေးချင်မွေးရနေပြီ အခုထိသဘောမတူနိုင်သေးဘူးလား''

တေဇမာန်မှာ အေးစက်လာတဲ့လေထုကြောင့် နှစ်ယောက်သား စကားအချေအတင်ဖြစ်ကြတော့မည်ကို ကြိုတင်ခန့်မှန်းမိ၍ ဝင်ထားရတော့သည်

"အို...သူ့ဘာသာကလေးမွေးလို့ တစ်ဒါဇင်ပဲရရ ငါကတော့သဘောတူချင်သေးတာမဟုတ်ဘူး''

"ရှင်တူတူမတူတူ ကျမကတော့သူ့ကို ချစ်တယ်တော့်ရေ အဲ့တော့ပြန်တော့မယ်''

"ကြွဟေ့ ကြွကြွ''

"မောင်တေဇ ငါလည်းပြန်ပြီ ငါအိမ်မှာအခုလာမဲ့ ပွဲအတွက် ပြိုင်ဘက်အသင်းသားတွေရဲ့skillကို သိအောင်လုပ်ရအုံးမယ် အသင်းသားတွေကိုလည်း နည်းနည်းပါးပါး လျှော့ပေးအုံး ပြိုင်ပွဲမတိုင်ခင် မျက်စိတွေကန်းကုန်မယ်''

"အေးပါဟ ဒါနဲ့ငါလူတွေ့ပြီ ပြောမလို့မေ့နေတာ အခုမှသတိရတယ် သွန်းကိုတောင်မပြောလိုက်ရဘူး''

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now