Part-10

435 28 4
                                    

[Unicode ]

ညကအနည်းငယ် သောက်မိလိုက်တာကြောင့် ခေါင်းထဲနည်း''သိပ်မကြည်ချင်သလို ဖြစ်နေသည် ထို့ကြောင့် ထိုက် ထရမှာလဲ ပျင်း၍အိပ်ယာထဲမှာသာ ပေ၍အိပ်နေလေတော့သည်

"မောင် ''

ထိုက်ရဲ့နားထဲဝင်ရောက်လာတဲ့ နူးညံတဲ့အသံလေး ထိုအသံပိုင်ရှင်လေးက သေချာပေါက် မ ဘဲပေါ့

"ထတော့လေ အိပ်မနေနဲ့တော့ အလုပ်လဲသွားရအုံးမှာကို''

"အင်းးမ မောင်ခေါင်းနည်း''လေးကိုက်နေလို့''

"မ သံပုရာရေအေးအေးလေး ဖျော်လာတယ် မောင်ခေါင်းကိုက်နေမှန်းသိလို့''

"ဟော..မက အရမ်းအလိုက်သိတာပဲ အဲ့တာမို့ချစ်တာ''

ထိုကဲ့သို့ပြုံးရွှင်ကာပြောရင်း ထလာကာ မြိုင့်လက်ထဲက သံပုရာရည်ခွက်ကို သောက်နေတဲ့ထိုက်ကို မြိုင်တယောက် ပြုံးကာကြည့်နေလေရဲ့

'မောင်ရဲ့ အပြုံးလေးတွေကို အကြာကြီးမြင်ချင်နေသေးတယ် မောင်ရယ်'

"မောင် ပြီးရင် ရေသွားချိုးလိုက်တော့လေ ညကလည်းရေမချိုးပဲ ဒီတိုင်းအိပ်ယာဝင်ထားတာမလား''

"ဟုတ်ပါပြီဗျာ''

တီ.......

မြိုင် ထိုက်ဝတ်ဖို့အတွက် အကျီတေထုတ်ပေးနေရင်း အံဆွဲပေါ်က မောင့်ရဲ့ဖုန်းမှ မြည်သံကိုကြားလိုက်ရသောကြောင့် မြိုင်ထိုနေရာအား လျှောက်တော့သည်

အံဆွဲပေါ်က မောင့်ဖုန်းပေါ်မှcontactက မြိုင်ရဲ့မျက်ခုံးတွေအား တွန့်ချိုးသွားစေသည်
မြိုင်စကားတလုံးမှ မပြောပဲ ထိုဖုန်းအဝင်ကော်အားကိုင်လိုက်သောအခါ တဖက်မှ

"ထိုက် ဒီနေ့လည်းနင်ငါ့ကိုအချိန်ပေးရမှာနော် မြန်မြန်လာ နင်ကအရမ်းအိပ်ပုတ်ကြီးတာပဲ''

"....''

"ဟေ့ ထိုက်တခုခု ပြန်မပြောတော့ဘူးလား ဟလို ဟလို''

'ကျစ် ဖုန်းလိုင်းကလည်း စုတ်လိုက်တာ အင်းးးညက ငါ့ရဲ့လက်ဆောင်ကိုရော သွန်းဆက်မြိုင်ကြိုက်သွားရဲ့လားမသိဘူး အဟက်'

"မ ဘယ်သူလဲ''

" မောင့်သူငယ်ချင်းလေ''

မ ကဖုန်းကိုချခဲ့လိုက်ရင်း ဘာစကားမှထပ်မဆိုတော့ပဲ အခန်းအပြင်ကိုသာထွက်သွားတော့သည်
ထိုက်လည်း မ ထားခဲ့သော ဖုန်းအားကောက်ကိုင်ကာ မ ပြောသော သူမှာဘယ်သူဆိုတာသိရန် ဖုန်းအဝင်ကော်ထဲကိုသာ ပြန်ဝင်လိုက်တော့သည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now