Part 2

620 33 2
                                    

[Unicode]

ထိုက် အိမ် ပြန်ရောက်တော့ ကြီးပုက ထွက်ကြိုလေသည်
"ဟယ် သားထိုက်ပြန်လာပြီလား''

"ဟုတ်ကဲ့ ကြီးပု မ'ရော''

"သမီးမြိုင်က TVကြည့်နေတယ် ထင်တယ်''

"ဪ ဟုတ်ကဲ့ကြီးပု''

"သားထိုက်က ဒီနေ့အိမ်စောစောပြန်မလာလို့ သမီးမြိုင်က ဟင်းတွေချက်ထားတာ''

"ဗျာ မ ကိုယ်တိုင်လား''

"ဟုတ်တယ်''

"အဲ့လိုမှန်းသိရင် ကျနော်စောစောပြန်လာပါတယ်''

ကျနော်ထပ်ပြီး မကိုဝမ်းနည်းအောင် လုပ်မိလေပြီလား ကြီးပုကို အိတ်တွေပေးခဲ့ပြီး မဆီကိုလျှောက်သွားမိသည်

ဟော..ဟိုမှာတွေ့ပါပြီ မကTVကြည့်ရင်း အိပ်ပျော်နေလေရဲ့ ထိုက် မမျက်နှာလေးအားကြည့်မိတဲ့အခါ မှင်သက်သွားမိတော့တယ် 'မက သိပ်လှတဲ့အမျိုးသမီးလေးပဲ'

ထိုက်မကိုကြည့်နေရင်း ရှင်းကိုအမှတ်တမဲ့ သတိရမိသွားလေသည်

'အကယ်၍ မသာအဲ့နေ့က ရောက်မလာခဲ့ရင် အခုမောင့်ရှေ့မှာ အိပ်မောကျနေမဲ့ သူကရှင်းဖြစ်နေမလား..! မောင်ဘာတွေတွေးမိနေတာလည်း အခုလို တွေးမိနေတာက မအပေါ်မတရားကျနေမလား အဲ့တာကိုသိတာပေမဲ့လည်း ခနခနတွေးမိနေတယ်

ရုတ်တရက် မနိုးလာခဲ့တော့သည်
''ဘယ်တုံးကပြန်ရောက်နေတာလည်း မောင်''

ကျနော့်စိတ်တွေ မလုံမလဲဖြစ်သွားမိတာတော့ အမှန်ပဲ ကျနော်စိတ်တွေကို စုစည်းလိုက်ပြီး မရဲ့အမေးကိုပြန်ဖြေရန်လုပ်တော့သည်

"အာ...စောနကပါ သိပ်မကြာသေးပါဘူး''

မကမျက်စိလေးတွေကို ပွတ်သပ်နေရင်း တစ်စုံတစ်ခုကြောင့်
မျက်နှာတည်သွားတော့သည်

"မောင် ရေမွှေးပြောင်းသုံးထားတာလား''

"မသုံးပါဘူး မရယ် ဘာလို့လဲ''

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now