Part-12

411 19 6
                                    

[Unicode]

"သွန်းမ ငါလာတယ်''

"အယ် မိသော်ဘယ်လိုမျက်စိလည်လာတာလည်း''

မြိုင့်ဆီမရောက်တာ ကြာပြီဖြစ်သောကြောင့် မီမီသော်အား မေးလိုက်ခြင်းဖြစ်သည် ဟုတ်လည်းဟုတ်ပါသည် မီမီသော်က သူ့ရဲ့အချိန်တွေမှန်သမျှကို သူ့ဂိမ်းထဲပဲအာရုံစိုက်နေတာ အခုတလောဆိုပိုတောင်မှန်သည်

"မလည်ပါဘူး နင့်ဆီလာတာ ''

"အမယ် အထူးအဆန်းပါလား''

"နင်မေ့နေတာလား မိမြိုင်အကျီသွားလည်း သွားမယ်''

"ဘယ်ကိုလည်း''

အူတိအူကြောင်လုပ်သည့် မြိုင်ကြောင့် မီမီသော်ဒေါသများပင်ထွက်လာသလို စူပုတ်လာတော့သည်
မေ့လည်း မေ့နိုင်လွန်းတယ်

"ဒေါ်သွန်းဆက်မြိုင်ရေ နင်လည်းအတော်မေ့တာပဲ ဒီအပတ်ထဲမှာပွဲရှိတယ်လေ ''

နူတ်ခမ်းကိုတစ်ထောင်လောက် ဆူကာရှုတ်မဲ့ပြီးပြောလာသော မီမီသော်၏စကားကိုကြားမှ သွန်းဆက်မြိုင် မီမီသော်ပြောနေသောအရာကို သတိရတော့သည်

"အာ အာ...အသင်းသားတွေနဲ့မိတ်ဆက်ပွဲလား''

ဒီနေ့အသင်းသားတွေနှင့် မိတ်ဆက်ပွဲရှိသည် ဒီအပတ်တွင်းကျင်းပမည့် ဆီမီးဖိုင်နယ်အတွက်ပင် မီမီသော်နှင့်အတူသွားရန် ပြောထားခြင်းကိုမေ့နေသောကြောင့် မီမီသော် သူမဆီလာတာကို အထူးတလည်ဖြစ်နေတာ

"မြန်မြန်အဝတ်သွားလှဲ''

"နေ နေပါအုံး ငါကဘာကိုဝတ်ရမှာလည်း ပြီးတော့အိမ်မှာလေး အကျီတွေက''

"ဟုတ်သားပဲ ဆောတီးနည်းနည်းလောသွားတယ် ဒီမှာငါဆီမှာပါတယ်''

မြိုင်ပြောကာမှ မီမီသော်ပါလာသောအကျီအထုပ်ကို ထုတ်လိုဖို့သတိရသွားသည် မီမီသော်လောနေရသည်မှာလည်း အကြောင်းရှိသည် ဒီနေ့သူတွေ့ချင်နေသော Playerနဲ့တွေ့ရတော့မှာလေ

တခါမှမျက်နှာမပြဘူးတာမို့ မည်သည့်ပုံစံဖြစ်မည်ကို မီမီသော်အရမ်းသိချင်နေသည် အဖွဲ့တွေအများကြီးရှိတဲ့အထဲကိုမှ သူတို့အဖွဲ့ကိုဝင်ရသည့် အကြောင်းပြချက်ကိုလည်း မေးရမည်

မြတ်နိုး၍ချစ်ခဲ့ရပါသည် သို့သော်...Where stories live. Discover now