Part. 2♡

5K 363 1
                                    

Uni//

"မြို့ဝန်မင်းဝမ် ရှောင်းအိမ်တော်ကစာပါ"

"ပေး"

လက်ထဲရောက်လာတဲ့စာကိုဖွင့်ဖတ်အပြီးမှာနှုတ်ခမ်းပါးတွေကော့ညွန့်လာခဲ့တယ် စာအိပ်ထဲသေချာပြန်ခေါက်ထည့်ပြီးအပေါ်ထပ်အရှည်ကိုချွတ်ကာဘေးကစားပွဲပေါ်တင်ထားလိုက်တယ် အင်္ကျီကြယ်သီးတစ်လုံးချင်းဆီကိုဖြုတ်ကာ နှုတ်ခမ်းပါးတို့က အခုထိတိုင်ကော့ညွန့်နေတဲ့သူ့ပုံကိုကြည့်ကာ ဖိုးဖိုးတွေ့ရင်ပြော‌လေမှာ

အဝတ်အစားများကိုချွတ်ကာ တဘက်တစ်တည်ကောက်ပတ်ကာသီချင်းငြီးရင်းရေချိုးခန်းထဲကိုဝင်သွားတဲ့ကျောပြင်ကျယ်က ယောက်ျားသားတို့ရဲ့ရှိသင့်တဲ့အနေအထားထက် ဖွံဖြိုးကာထွားကြိုင်းတယ် အသက်အရွယ်အလိုက်ထက်ပိုလို့သန်မာနေတဲ့လူငယ်တစ်ဦးဖြစ်နေတယ်

..........................................................................

လက်ထဲက အိတ်တစ်ခုချင်းစီကိုချအပြီးမှာ မျက်စိမှိတ်လို့လေကိုဝဝရှူသွင်းလိုက်တယ် မွေးရပ်မြေရဲ့အရသာကိုမခံစားရတာဘယ်လောက်တောင်ကြာပြီလဲ အချိန်တွေကတစ်ဖြေးဖြေးကုန်လာပေမယ့် ဝေးကွာရတဲ့ခံစားချက်ကမွေးရပ်မြေရောက်မှပိုလို့လွမ်းလာမိတယ်
နိုင်ငံရပ်ခြားမှာ ဥပဒေပညာရပ်ကိုသွားသင်တဲ့သူ့အတွက် ခြောက်နှစ်ဆိုတဲ့အချိန်အတွင်းမှာအရာရာကပြောင်းလဲကုန်တာတွေ့ရတယ် တစ်စုံတစ်ရာကရော ဒါပေါ့ သေချာပေါက်ပြောင်းလဲသွားမှာပေါ့ သူ့ကိုယ်သူပြန်တွေးမိပါရဲ့ ကိုးနှစ်အတွင်းတောင်အခုလိုမျိုးစိတ်ကတွေးနေမိသေးတာကိုလေ

'တီးးးး'

ရှေ့တည့်တည့်လာရပ်သောကားတစ်စီး အိမ်တော်ရဲ့ကားဟုတ်ပုံမပေါ်တာမို့ အမှုမဲ့သာနေလိုက်ပေမယ့် ဆက်ပြီးဟွန်းတီးနေသေးတဲ့ ကားကြောင့် မျက်မှောင်တန်းကာကြည့်လိုက်မိတယ် အခုလိုအခြေအနေမျိုးမှာဒီလိုကားမျိုးစီးနိုင်တာကရှားတယ်မဟုတ်လား တော်ရုံအသိုင်းအဝိုင်းကမဟုတ်တာကိုတော့သူသတိထားမိတယ်

"ကျုပ်ခဗျားကိုလာကြိုတာ"

"ဟင်"

ရုတ်တရက်ကားထဲကထွက်လာသောယောကျာ်းတစ်ယောက် ပြေပြစ်စွာဝတ်ဆင်ထားပြီး မျက်ခုံးတန်းတို့ ကျုံ့ကာပြောလာသောသူ သူတစ်ခါမှ မမြင်ဘူးတာမို့ ဘာအတွက်ကြောင့်လိုက်ရမှာလဲ အိမ်ကလာကြိုတာဆို ပါးပါးကြိုခိုင်းတာများလား

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now