Part. 10♡

3.4K 294 10
                                    

Uni //

ညနေငါးနာရီကျော်ပြီ သူ့ကိုမဟုတ်တရုတ်ပြောသွားသောလူကတော့လမ်းစပင်မမြင်ရသေး သူ့ကိုမေ့ပြီးအိမ်ရောက်သွားတာတော့မဟုတ်ဘူးမလား အဟမ့် အဲ့လိုဆိုလည်းပိုကောင်းသေး ဘာအရေးလည်းပါးပါးဆီမှာအိပ်လိုက်မှာပေါ့

ကျွီ !!'

အိမ်ရှေ့ကကားသံကြားတော့လှည့်ကြည့်လိုက်တယ် မနက်ကအတိုင်းသေသပ်စွာပဲချောမောနေပြန်တဲ့မြို့ဝန်မင်းဝမ်ရိပေါ်  တစ်လှန်းချင်းလျှောက်လာကာ သူ့မြင်တော့မျက်နှာက မသိမသာပြုံးသွားသလိုမျိုး သူပဲအမြင်မှားတာများလား

"ကျုပ်ကိုမျှော်နေတာလား "

"ငါးနာရီဆိုပြီး လေလွင့်နေတဲ့လူကိုငါကမျှော်စရာလား"

"ကျုပ်ကိုပြောရက်တာဆိုလို့ခဗျားပဲရှိတယ် ခဗျားပါးရော နှုတ်ဆက်ပြီးပြန်ကြမယ် "

"ပါးပါး သူ့အခန်းမှာ အဟင်း ငါနှုတ်ဆက်ပြီးပြီ"

ရှောင်းကျန့်သူ့ကိုယ်သူမလုံမလဲဖြစ်မိတယ် သူပါးပါးကိုထိုလူလာတာနဲ့ပြန်မယ်လို့ပြောထားပြီး ဒီအောက်ထပ်ရောက်နေတာက စောင့်နေသလိုပဲမလား
ရိပေါ်ကတော့ သူ့ရှေ့ကလူကိုကြည့်ကာ ပြုံးမိတယ် ဒီလူကတအားအရှက်ကြီးတာပဲ အဟင်း နောက်မရှက်အောင် သူကကျင့်သားရအောင်လုပ်ပေးအုံးမှပါ

"လာ အဲ့တာဆိုသွားကြမယ် "

.........................

"ကျုပ်ရေသွားချိုးလိုက်အုံးမယ် "

"အင်း ငါမီးဖိုခန်းသွားကြည့်အုံးမယ် "

"စားချင်တာရှိလို့လား အိမ်တော်ထိန်းကိုပြင်ဆင်ခိုင်းလိုက်လေ "

"မဟုတ်ပါဘူး အဟမ်း ထမင်းပွဲပြင်မလို့ပါ"

ရိပေါ်သူ့ရှေ့ကလူသားကိုကြည့်ကာ ခါးကနေဆွဲလို့ဖက်ထားလိုက်တယ် နားသယ်စပ်နားကိုနမ်းလိုက်ကာ ကိုယ်သင်းရနံ့လေးကိုအဝရှုမိတယ် ဒီလူသားကတစ်ကယ့်အမွှေးလုံးလေးပဲနောက်ပြီးသဘာဝလုံးလေး ထိုလူအနားရှိတာနဲ့လူကလန်းဆန်းသွားတာမျိုး

"မင်း . ရေချိုးမလို့ဆို သွားချိုးတော့လေ "

"ကျုပ်ကခဗျားယောကျာ်းပါရှောင်းရာ မသိရင် လူယုတ်မာကပဲ သူ့ကိုလာထိနေတယ်များထင်နေသလားပဲ "

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now