Part.18♡

2.8K 299 16
                                    

Uni //

"စွဲချက်တင်ခံရသူ ခုံရုံးရှေ့ကိုလာပါ "

ရှေ့ဆုံးကနေတရားသူကြီးရဲ့စကားကြောင့် ခြေသံကြားမိတော့ နောက်ကနေထွက်လာတဲ့ဟိုလူ ရိပေါ်တို့ဘက်သို့ ဒေါသမျက်ဝန်းတွေနဲ့ကြည့်နေတာမို့ ပြုံးပြလိုက်တယ် သေချာတာပေါ့ အေးစက်နေတဲ့အပြုံးဆိုတာ ဘေးကသူ့အိမ်သားကတော့ငြိမ်သက်စွာထိုင်နေတယ်

"ဘာများချေပစရာရှိပါသေးသလဲ "

"ကျွန်‌တော်တို့ဘက်ကရှိပါတယ် "

"ပြောစေ "

"မြို့ဝန်မင်းဝမ်ရိပေါ်ကကျွန်‌တော်တို့မြိူ့ကလူမဟုတ်ပါဘူး ဒါမို့သူ့ရဲ့အသွားအပြန်တိုင်းကိုအဲ့လောက်ဘယ်သူမှစေ့စပ်တိကျသိနိုင်မှာမဟုတ်ပါဘူး အရိုက်ခံရတဲ့အကြောင်းအရင်းနောက်မှာလဲ မြို့ဝန်မင်းဝမ်ရိပေါ်ဘက်ကစတင်လုပ်ဆောင်ခဲ့တာပါ ဒါ့အပြင်အရင် မြို့ထဲကဖြစ်ခဲ့တဲ့အရာတွေအတွက်ပါ ကျွန်တော်တို့ဘက်ကပြန်ချေပ‌နိုင်ပါသေးတယ်"

တစ်ဖက်ကရှေ့နေဖြစ်ဟန်တူတဲ့လူစကားကြောင့် ဝမ်ရိပေါ်ကရယ်တယ် ရှောင်းကျန့်ကတော့မ‌ကျေမနပ်နှင့်သာလက်သီးကိုခပ်တင်းတင်းစုပ်ကာထရပ်မိတယ်

" ပြန်လည်ချေပတင်ပြခွင့်ပြုပါ "

"ရှေ့နေ့ရှောင်းကအခုမှတရားဝင်ရှေ့နေဖြစ်တာမလား ဘယ်လိုဖြစ်ပြီး "

"ခဗျားကိုစောက်စကားပြောဖို့ဘယ်သူပြောနေလို့လဲ "

ဝမ်ရိပေါ်ကစူးရဲကြည့်လို့ထပြောတဲ့အချိန်ကြ ဟိုလူ့မျက်နှာကမကျေနပ်ဟန်ထိုင်သွားတာတွေ့ရတယ် ကျက်သရေမရှိတဲ့လူတွေ ကျစ်'

"ရှေ့နေရှောင်းကျန့် တင်ပြပါ "

"ကျုပ်ခင်ပွန်ဖြစ်တဲ့မြို့စားမင်းဝမ်ရိပေါ်နဲ့အရင်ထဲအခြေအတင်ဖြစ်ထားတဲ့အကြောင်းမှာလဲ မြို့ကိုဦးစည်းနေတဲ့လူတစ်ယောက်အနေနဲ့မြို့အတွက်လုပ်ရတာကလုပ်ရမှာပါပဲ တစ်ဖက်ကမြို့ကသာကျူးကျော်အနိုင်ကျင့်ရင်တော့ချေပနိုင်ခွင့်ရှိတယ်
နောက်ပြီးအသွားအပြန်ကိုမသိဘူးဆိုတဲ့လူတွေက ကားထဲကထွက်လာတဲ့လူကိုမမြင်ရအောင် မျက်မမြင်တွေမဟုတ်လို့တောင်ရိုက်နှက်ခဲ့သေးတယ်မဟုတ်ပါလား ခဗျားတို့ဘက်ကလူမှားခဲ့ရင်ပြောတောင် ကျုပ်ယောကျာ်းကအခုချိန်ဘာမှပြန်မပြော မသိတဲ့လူမဟုတ်ပါဘူး
နောက်ဆုံးအနေနဲ့ တစ်ပြည်လုံးနဲ့ဆိုင်တဲ့ တရားမဝင်လုပ်ငန်း‌ဆက်တွေရဲ့အကြောင်းအရာတွေအရဆို ချေပချင်တာကရှိသေးတာလား "

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now