Part. 8♡

3.3K 332 6
                                    

Uni //

"မြို့ဝန်မင်းဝမ်ကတော့ တစ်ကယ်ပါပဲဗျာ ဘယ်လိုစိတ်ကူးမျိုးနဲ့များ ဒါကြီးကိုယူရတာလဲ ကျုပ်ဖြင့်သူများပြောတာတောင်မယုံမိ"

မြို့လည်က လောင်းကစားရုံတစ်ခုမှာ အေးဆေးမနေပဲလူတွေကဝင်ပါလွန်းတယ် ဒါတွေကသူမကြိုက်တဲ့အချက်တွေ အခုလည်း သူ့များနှာခေါင်းပေါက်နဲ့လေရှူနေရတဲ့လူက ဝိုင်းကနေလျှာလာရှည်ပြန်တယ်

"ကျုပ်လက်ထပ်ပွဲတောင် ခြေမချနိုင်တဲ့ခဗျားက ဘယ်လိုပါးစပ်ပေါက်နဲ့ပြောရတာလဲ "

သူပြောတော့ထိုလူကရှူးရှူးရှဲရှဲဖြစ်သွားတယ် အဟက်ဟုတ်တာပဲလေ မြိုဝန်မင်းဝမ်ရဲ့အိမ်တော်ကတော်ရုံလူတွေ ခြေချလို့ရတဲ့နေရာလား ကိုယ့်အဆင့်ကိုယ်မသိပဲလာပြောနေတာ

"ကျုပ်ကသဘောရိုးနဲ့မို့ ယောကျာ်းသားချင်းပြော‌တာပါဗျာ ကျန်တာမဟုတ်ပါဘူး "

"ခဗျားအိမ်ကမိန်းမ လင်ငယ်နေဖို့ပဲ ကျုပ်သိမ်းထားတဲ့ဒိီရုံကနေ နိုင်အောင်စောက်ပေါက်ပိတ်ပြီးအရင်လုပ်"

ပြောကာထထွက်လာခဲ့တယ် ‌အပိုတွေပြောရတာမကြိုက်ဘူး အဲ့လိုပဲဘယ်သူ့မှလည်းမျက်နှာမထောက်တက်ဘူး သူကဒဲ့ပဲကြိုက်တယ်

နောက်များကြုံရင်တော့ကျုပ်ဆိုတဲ့မြို့ဝန်မင်း
ခဗျားတို့လိုပါးစပ်တွေ‌ကိုကောင်းကောင်းပြုစုပါအုံးမယ် အဟက်

......................

"ကျွန်တော် ဘာကူရမလဲဗျ"

"အိုးးမဟုတ်တာကွယ် သားကအိမ်ထဲမှာပဲနေလေ မီးဖိုခန်းဘာလာလုပ်ရတုန်း "

အခန်းထဲကိုဝင်ကာမေးလာတဲ့ကောင်လေးကိုကြည့်ကာသူမမှာအပြာအယာပဲ မြို့ဝန်မင်းဒီကောင်လေးကိုဘယ်လိုသဘောထားလဲအသိဆုံးမို့ပေါ့

"အာ ကျွန်တော်လည်းပျင်းနေတာလေ အဲ့တာ ဝိုင်းကူချင်လို့ ညနေစာအတွက် "

"အမလေးရှင် မလုပ်ပါနဲ့ တော်ကြာမြို့ဝန်မင်းဝမ်ကသူ့အိမ်သားလေးကိုမတားရလားဆိုပြီး ဒီအဒေါ်အိုကြီးကိုပြောနေပါအုံးမယ် "

သူမထိုသို့ပြောလိုက်တော့ ကောင်လေးကနှာခေါင်းလေးရှုံ့သွားတာတွေ့တယ် တစ်ကယ့်ကလေးတစ်ယောက်လိုအပြုအမူမျိုးနဲ့မို့ ဒီကောင်လေးကချစ်မွှေးလေးပါပဲ

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now