Part. 23♡

2.7K 236 21
                                    

Uni//

သစ်ပင်တန်းတွေအစီအရီနဲ့လမ်းတစ်လျှောက်ကိုမျှော်ငေးနေတဲ့ကျောပြင်နှစ်ခု ‌ရှေ့တည့်တည့်ကအနည်းငယ်မှိန်နေတဲ့ကျောင်းဆောင်တစ်ခုကိုကြည့်လို့ လေပြေတွေတစ်ချက်အဝေ့မှာပဲ
လွင့်‌မြောနေတဲ့ပုဝါနီနီလေးတွေကထိုလူနှစ်ယောက်ရဲ့ချိတ်ထားတဲ့လက်ထဲမှာခိုင်မြဲစွာ ထိုလူနှစ်ယောက်ရဲ့မျက်ဝန်းတွေထဲမှာ လွမ်းဆွတ်ခြင်း ကြည်နူးခြင်း နူးညံ့ခြင်းတွေအပြည့်နဲ့သာ

"မောင်မင်းကိုနေ့တိုင်းလာစောင့်ခဲ့တဲ့နေရာလေး "

"အင်း ငါစာအိတ်နီနီလေးတွေ အမြဲရနေကြနေရာလေး"

"မောင်မင်းရဲ့တစ်နေ့တာအပြုံးလေးတွေကိုမျှော်ငေးခဲ့တဲ့နေရာလေး"

"တစ်ယောက်သောသူကြောင့် မျက်နှာမညှိုးပဲ
အမြဲပျော်ရွှင်ခဲ့ပြီးပြုံးခဲ့ရတဲ့နေရာလေး"

"မောင်ဒီနေရာလေးမှာပဲ မောင့်နှလုံးသား‌ရဲ့ဖြစ်တည်မှုအရ အရာရာဖြစ်တည်ခဲ့တာ ချစ်ခြင်း လွမ်းခြင်း ကြည်နူးခြင်း ရင်ခုန်ခြင်း ဝမ်းနည်းခြင်း ဝမ်းသာခြင်း အကုန်ပဲ ရှောင်းကျန့်ဆိုတဲ့ ရှောင်းအိမ်တော်ကရှေ့နေ့ကျောင်းသားလေးကိုစချစ်မိကတည်းကနေအထိ"

"ငါကအများကြီးမပြောတက်ဘူး ဒါပေမယ့် ငါမင်းကိုပထမဆုံးရင်ခုန်မိခဲ့တာပဲ"

"မောင်ပေးတဲ့စာအိတ်နီနီလေးတွေ .."

"အင်း ငါအမြဲသိမ်းထားပြီး အမြဲဖွင့်ဖတ်တယ် "

"ချစ်တယ် အသက်ငယ်ငယ်အရွယ် ဝမ်ရိပေါ်ကနေစပြီး နေ့ရက်တိုင်း အခုအရွယ် ရှောင်းကျန့်ခင်ပွန်း မြို့ဝန်မင်းဝမ်ဖြစ်သည်အထိ ရှေ့ဆက်ပိုလို့ချစ်သွားမယ်"

"ချစ်တယ် ကျောင်းသားအရွယ် ရှောင်းကျန့်‌ကနေပြီးတော့ အခုမြို့ဝန်မင်းဝမ်ရဲ့အိမ်သား ရှောင်းကျန့်အထိ ရှေ့ဆက်ပိုလို့ချစ်သွားမယ်"

"မောင်ပြောတိုင်းလိုက်ပြောနေတယ်"

မျက်ခုံးပင့်ကာပြောလာတဲ့ရိပေါ်ကိုကြည့်လို့ပြုံးကာစကားဆိုမိလိုက်တယ်

"အဲ့တာ မင်းကငါ့ခင်ပွန်းမို့လေ "

"အဟားးး"

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now