Part .26♡ (Final)

4.6K 254 24
                                    

Uni //

Wang's Diary _

စာအိပ်နီနီလေးရဲ့ဘေးမှာ ပေါ်လွင်နေတဲ့အနီ‌ ရောင်စာအုပ်လေး ပထမစာမျက်နှာမှာရေးသားထားတဲ့ For 肖ဆိုတဲ့စာသားလေးကအစပြုတယ်

....

ရိပေါ်ကျောင်းပိတ်ရက် ဖိုးဖိုးရဲ့ အကုန်နားလည်တက်အောင် ပြင်ပအလည်ဆိုလို့ ခေါ်လာတဲ့ပန်းခြံနဲ့ကစားကွင်းတစ်ခု ရိပေါ်ကိုဖိုးဖိုးကသူများကလေးတွေလို ပျော်ပျော်နဲ့ဆော့ကစားစေချင်တယ် ဒါပေမယ့်ဝမ်ရိပေါ်က အဲ့တာမျိုးမကြိုက်ပါ သူကကလေးဆန်ရတာကိုလုံးဝသဘေယမကျပါ ဖိုးဖိုးကပို့ပြီး သူ့ကိုခနထားခဲ့ကာ မြို့ထဲခနထွက်သွားတာမို့ ထိုနေ‌ရာမှာပဲသူထိုင်ကာ ကြည့်နေမိတယ် ရိပေါ်ရဲ့ပါးပါးနဲ့မားမားက ငယ်ငယ်ကတည်းကဆုံးပါးသွားခဲ့တာမို့ ဖိုးဖိုးကသာသူ့အတွက်အရာရာ မိသားစုအလိုက်လေးပျော်ရွှင်နေတဲ့ကလေးတွေကိုကြည့်လို့ သူအားကျမိပါတယ်

ကလေးတွေဆော့နေချိန်မှာ အသံကျယ်ကျယ်တွေနဲ့ကြားတာမို့ ရိပေါ်ရဲ့မျက်လုံးက ထိုနေရာကိုရောက်ခဲ့တယ် သူမြင်မိတာတော့ အပြုံးချိုချို အရပ်ရှည်ရှည် ပိန်ပါးပါးကိုယ်နဲ့ ကလေးတွေကိုစူးစမ်း‌ဟန်ကြည့်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့လူသားတစ်ယောက်ကိုပါပဲ ထိုလူသားကြည့်ရတာ အခုမှ စိတ်ဝင်တစားကြည့်နေတဲ့ပုံစံလေးနဲ့
ခနအကြာ လက်ညှိုးထိုးကာပြူးကြောင်ကြောင်နဲ့ပြောနေတဲ့ လူသားက ရိပေါ်ရဲ့စိတ်ဝင်စားတဲ့မျက်စိကြည့်ရာဖြစ်သွားခဲ့တယ်

သူတို့ဝင်ဆော့မရဘူးထင်ပြီးမေးနေတာဖြစ်မယ်ထင်တယ် သူနဲ့ပါလာတဲ့လူတွေက ခေါင်းငြိမ့်ကာပြောနေတာတွေနားထောင်နေဟန်ရှိတဲ့လူသားရဲ့ မျက်ဝန်းလေးတွေက လတ်ခနဲဖြစ်သွားဟန် ကလေးတွေဘက်ကြည့်ရင်း သူ့ဘက်ရောက်လာဟန်ရှိတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကြောင့် ထိုနေရာကိုဆန့်ကျင်ကာ ခနကသူကြည့်နေတဲ့ မိသားစုကိုသာမျက်နှာမူထားလိုက်တယ် သူ့လက်ကလေးတွေကတော့ စာအုပ်ကလေးကိုကျစ်ကျစ်ပါအောင်ပိုက်ထားမိတယ်

ခနအကြာမှာ ဖိုးဖိုးလာခေါ်တာမို့ ထိုလူသားကိုတစ်ချက်ငဲ့ကြည့်လိုက်ကာ သူကားပေါ်တက်သွားလိုက်တယ် မသိစိတ်ကနေ နောက်ထပ်အများကြီးဒီလူသားကိုသိချင်နေသေးတယ်

မြို့ဝန်မင်းဝမ်♡ (Complete)Место, где живут истории. Откройте их для себя