Part. 21♡

3K 271 7
                                    

Uni //

"အင့် "

"ဟင် ဒါက. "

"အင်း ရှောင်းမှာပုဝါမတွေ့လို့လေ ဒါမျိုးကို  
မောင် သေချာမှာထားတာ "

"မင်းအိမ်ကအများကြီးကရော "

"ဟင့်အင်း ဒါကရှောင်းအတွက်သီးသန့်လေ"

လက်ထဲကအနီရဲရဲတောက်ပုဝါလေးတစ်ထည်ကိုကြည့်မိတယ် အိမ်ကပုဝါတွေနဲ့အတူတူပဲ မတူတာကအသည်းပုံအောက်မှာမဟုတ်ပါပဲ အထက်နားကတစ်ဝက်ခြမ်းလောက်မှာထားတဲ့အနက်ရောင်အစက်ကလေး လက်နဲ့ဖွဖွတို့လို့ ရှေ့ကလူကိုကြည့်တော့သူ့ကိုကြည့်ကာပြုံးလာတယ်
သူကနားမလည်လို့သိချင်တာကို

"လာ နေကောင်းသွားပြီဆိုတော့ မြို့ထဲမောင်ခေါ်သွားမယ် "

လက်ကိုလာဆုပ်ကိုင်တဲ့အထိအ‌တွေ့ကြောင့် လက်လေးကဆက်ခနဲရုန်းမိသွားတော့မျက်မှောင်ကြုံ့ကာကြည့်လာတဲ့သူ့ရဲ့ရိပေါ်

"မောင့်ကိုလက်တွဲဖို့တွန့်တိုနေတာလား "

ခပ်ဆက်ဆက်ထွက်လာတဲ့အသံကြောင့် မျက်စောင်းဝံ့လိုက်မိတယ်

"အင့် "

သူ့လက်ကိုရိပေါ်ရဲ့လက်ဖုဝါးကြီးကြီးတွေထဲအတင်းထိုးထည့်လိုက်တော့တစ်ခြမ်းစောင်းအပြုံးနဲ့ပြုံးပြလာတဲ့မြို့ဝန်မင်းဝမ်ရိပေါ်ပါပဲ

"မွ "

လက်နှစ်ဖက်ကိုမြှောက်လို့ သူ့လက်ဖမိုးကိုနမ်းလိုက်တဲ့သူကြောင့်သူ့ရဲ့ပါးတွေကတော့ပူရှိန်းရှိန်းနဲ့ရယ်သာ

"သွားမယ်လေ "

"အင်းအင်း "

လက်နှစ်ဖက်ကိုမြဲစွာဆုပ်ကိုင်ထားကြသောလူသားနှစ်ယောက်ရဲ့ကျောပြင်ဟာတော့သိပ်ကိုလိုက်ဖက်ညီလွန်းတယ် နှစ်ဖက်လုံးရဲ့လက်တွေကိုယ်စီမှာတော့ပုဝါအနီရောင်ရဲရဲကနေရာယူကာတစ်လွင့်လွင့်နှင့်သာ

..........................

"ခနလေးရှောင်း "

ဆိုင်ထဲဝင်လို့ထိုင်မည်အပြု သူ့ကိုတားလာတဲ့
ရိပေါ်ကိုရှောင်းကျန့်ကနားမလည်ဟန်ကြည့်တယ် စားပွဲပေါ်ကတစ်ရှူးကိုကိုင်ကာ ထိုင်ခုံကိုစွဲသုပ်နေတာမို့သူ့မှာမျက်နှာပူပူနဲ့ဘေးဘီကိုကြည့်မိတယ် ဒီလူဟာတော့သူများဆိုင်မှာအားနာရအောင်

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now