Part. 4♡

3.6K 298 2
                                    

Uni //

သစ်ပင်တန်းတွေရဲ့အရိပ်နားမှာသာတည်ထားကြတဲ့ဆိုင်မှာဝင်ထိုင်ချိန် တစ်ယောက်သောသူရဲ့မျက်နှာက အလိုမကျဟန် ရှောင်းကျန့်ကရိုးရိုးရှင်းရှင်းနဲ့ ရိုးရာအစားကိုစားချင်တယ်ဆိုလို့သာဝင်ခဲ့ရတာ ထိုင်ခါနီး ခုံကိုကြည့်ကာ စုပ်သပ်လိုက်မိတယ်

"ကျစ် နေအုံး "

ပြောလဲပြော ခုန်ဆွဲယူကာစားပွဲပေါ်ကချထားတဲ့တစ်ရှူးကိုယူကာ ခုံကိုပြောင်နေအောင်သုပ်ပြီး
ဖုန်တွေကိုမှုတ်ကာခါလိုက်သည် ပြီးမှ
ရှောင်းကျန့်ဆီချပေးတာမို့ ဘေးကလူတွေကိုကြည့်မိလိုက်တယ် တော်သေးတာပေါ့ သူတို့အာရုံနဲ့သူတို့မို့ ဘယ်လိုတောင်အတင့်ရဲရတာလည်း သူ့ကြည့်တော့လည်းဘာမှမဖြစ်ဟန်  သူ့ရှေ့မှာဝင်ထိုင်နေတယ်

"အဲ့လောက်ကြည့်နေတာ ကျုပ်ပေါင်ပေါ်ထိုင်ချင်လို့လား "

"မင်း.."

ရှေ့ကလူအပြောကို ပြန်ပြောမယ်အလုပ် စားပွဲထိုးဖြစ်ဟန်တူတဲ့ကောင်လေးကလာတာမို့ စကားကိုရပ်လိုက်ပြီး ခုန်ကိုဆွဲကာ ဆက်ခနဲဝင်ထိုင်လိုက်‌တော့ တစ်ယောက်သောသူကတော့ မထီမဲ့မြင်ပြုံးနေတယ်

"မြို့ဝန်မင်းဝမ်ဘာမှာမလဲ ခဗျ ဒီကရှောင်းအိမ်တော်ကသခင်လေးမလား အခုမှ .."

"စကားမများပဲ ရိုးရာအစားအစာအကုန်အမြန်ချပေးရင် အကျိုးရှိမယ်ထင်တယ် "

စူးရဲစွာကြည့်ကာ ဖြတ်ပြောလာသောလူကိုကြည့်လို့ထိုကောင်လေးကချက်ချင်းပါးစပ်ပိတ်ကာထွက်သွားတယ် ရှောင်းကျန့်ကခေါင်းခါပြီးသာသက်ပျင်းချတယ် ဘယ်‌လိုလူ့ထောင့်မကျိုးနဲ့လာတွေ့ရတာလဲ ဟူးးးး

..........................

စားစရာတွေလာပို့ပြီးချိန် သူစားမယ်အလုပ်မှာသူ့ရှေ့ရောက်လာတဲ့ဇွန်းခက်ရင်းတစ်စုံနဲ့
တူတစ်စုံ ခနကပုဝါနဲ့သုပ်နေတာသူ့ပေးမို့ပေါ့ ဘယ်လိုမျက်နှာပြောင်တိုက်ပြီးအရှက်မဲ့ရတာလဲ

"အင့်လေ "

မေးငေါ့ကာပြောလာတဲ့လူကြောင့်ရှောင်းကျန့်ကအမြင်ကပ်စွာ မယူပဲရှေ့က ခြင်းထဲက တူ‌အစုံလိုက်သာ ဆွဲယူလိုက်တယ်

မြို့ဝန်မင်းဝမ်♡ (Complete)حيث تعيش القصص. اكتشف الآن