Part. 22♡

2.9K 267 18
                                    

Uni//

Yeas ဆိုသူနဲ့စကားပြောနေရင်းရိ‌ပေါ်အိမ်ဘက်ကိုလှန်းလှန်းကြည့်နေမိတယ် ရှောင်းကကြာနေတာမို့

ခနနေမှအိမ်ထဲကထွက်လာတဲ့အရိပ်အယောင်လေးကြောင့် သူ့မှာသက်ပျင်းချနိုင် ချစ်တော့လည်းဒီလူကသာကိုယ့်ရဲ့စိတ်အရာရာကိုလွှမ်းမိုးနေတော့တာပါပဲ

"နည်းနည်းကြာသွားတယ်"

"အင်း မောင့်နားလာထိုင် "

ဘေးခုန်ကိုပုတ်ပြတော့အသာတကြည်လာထိုင်တဲ့သူ့အိမ်သား ဘေးက Yeas ဆိုသူကိုကြည့်တော့သူတို့နှစ်ယောက်ကိုပြုံးပြီးကြည့်နေတာတွေ့ရတယ်

"Yeasပြန်တော့မှာလား "

"ဟာ ရှောင်းကျန့်ကအတင်းနှင်လွှတ်နေတယ်"

"အဲ့လိုမဟုတ်တာသိရဲ့နဲ့"

"ငါကစတာ ဒါဆိုသွားပြီ နောက်မှတွေ့ကြတာပေါ့ ရိပေါ်သွားပြီ"

"အင်း"

Yeas သွားပြီးသည့်တိုင်ဘေးကထိုင်နေတဲ့လူသားလေးကငြိမ်နေတာမို့လှည့်ကြည့်တော့လည်းသူ့ကိုကြည့်နေတာနဲ့သာဆုံသည် မျက်ဝန်းလေးတွေကခပ်လေးလေးနဲ့မို့ သူ့အိမ်သားမူးနေပြီဆိုတာသိလိုက်ရတယ်

"လာပါအုံးဘာလို့ငြိမ်နေတာလဲ မောင့်အိမ်သားလေးက "

"မောင် ~"

"အင်း "

"မောင် "

"အင်း မောင်ရှိတယ် "

"မောင် ~"

"ဗျာ"

"ငါ့ကိုတအားချစ်တာပဲနော် ကြည့်ပါအုံး"

ပြောကာသူ့မျက်လုံးလေးတွေကိုလက်ညှိုးတဲ့လာထိုးတဲ့ရှောင်းကြောင့်ရိပေါ်ကငြိမ်ငြိမ်လေးနေပေးလိုက်တယ် သူ့မျက်ဝန်းတွေကြည့်ကာပြုံးရောင်သန်းလာတဲ့နှုတ်ခမ်းပါးလေး တစ်ဖြည်းဖြည်းကော့ညွတ်လာတဲ့နှုတ်ခမ်းပါးလေးကြောင့် အောက်ကမှဲ့နက်ကလေးကလှုပ်ခတ်သွားတာကိုသေချာမြင်ရတယ် ရှောင်းတော့မသိပေမယ့်သူကတော့ရင်ခုန်သံတွေကမြန်နေတော့တာပါပဲ

"မောင့်မျက်ဝန်းတွေထဲမှာ ကြည့်ပါအုံး ငါ့ပုံလေးရှိနေတာ အဲ့လောက်တောင်ချစ်တာလား"

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now