Part .5♡

3.5K 306 2
                                    

Uni //

"ဟူးးးး"

သက်ပျင်းချသံနဲ့အတူ ကုတင်ပေါ်ကိုသာလှန်လှဲလိုက်မိတယ် မျက်နှာကျက်ကဆေးရောင်ကိုကြည့်ကာဘာရယ်မဟုတ်လူကအတွေးတွေတောင်ရောက်မြောက်ရောက် ပထမအကြိမ်မှာပစ်ချခံခဲ့ရပြီးလည်း နှလုံးသားကတော့ ဒီလူကိုမျော့လင့်နေတာမို့ အရင်လိုပါပဲ ပိုလို့တောင်အခုန်မြန်လာခဲ့တယ် အရင်လိုခပ်အေးအေးလေးသူ့ကိုသဘောမကျလို့လားတွေးခဲ့ပေမယ့် အခုသူ့ကိုလည်း ထိုလူသားကသဘောကျဟန်မပေါ်
ဆိုးတာက မင်္ဂလာကိစ္စကို ရှောင်းသခင်လေးကခါးခါးသီးသီးငြင်းနေပါတယ်ဆိုတဲ့စကားလုံးတွေအောက်မှာ သူကတော့ ရင်တွင်းအပူတွေရပြန်တယ် 

စားပွဲအံထဲက စာအုပ်လေးတစ်အုပ်ကိုထုတ်လိုက်တယ် ကြားထဲကညှပ်ထားတဲ့ စာအိပ်လေးကိုယူလို့ ဖွဖွလေးပွတ်သပ်မိတယ် အနီ‌ရင့်ရောင်နဲ့ထိုစာအိတ်ကိုသူတစ်ခါသာဖွင့်ဖတ်ခဲ့ဘူးတာ ခေါက်ချိုးညီနေတဲ့စာရွက်လေးကိုဖွင့်လိုက်တော့ လက်ရေးဝိုင်းဝိုင်းနဲ့စာတန်းလေးတွေ.....

.......................................a time

"ဒါလေးယူသွားပေးပါခဗျ"

"ကောပြောပြတာကိုသဘောနားမလည်လို့လားဝမ်လေး"

"ကျွန်တော်ပြောခဲ့ပြီးပြီပဲ ကျွန်တော်ကရှောင်းကျန့်ကိုပဲမျက်နှာမူတာမို့ ရှောင်းကျန့်ဆိုတာပဲသိတယ်"

"ဝမ်လေးကငယ်သေးတယ် တစ်ချိန်ချိန်မှာ ဒါမျိုးတွေက ဝမ်လေးအတွက် .."

"ဟင့်အင်း ကျွန်တော့်နှလုံးသားကရှောင်းကျန့်ကလွဲရင် ရင်မခုန်ဘူးဗျ"

"ကောပြောလို့မပြီးသေးဘူး"

ရှေ့ကလူအပြောကို တစ်ဖက်ကောင်လေးကငြိမ်သက်စွာခေါင်းငုံ့လိုက်တယ် သူကဒီလူသားစိတ်ညစ်တာမလိုချင်တာမို့

"ကျောင်းတွေပိတ်တော့မယ် နောက်တစ်နှစ်ရောက်ရင်အသိတွေက မတူသလို အရာရာပြောင်းလဲမှာပဲ ဘာရယ်မှကြိုတင်အတည်တကျတွက်လို့မရဘူးဝမ်လေး"

သူပြောတာကိုဂရုတစိုက်နားထောင်နေသောကောင်လေးကိုကြည့်ကာ သူပြုံးလိုက်မိသေးတယ် ဒီကလေးကလိမ်မာတဲ့ကလေးဆိုတာသူသိတာပေါ့

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now