Part. 3♡

4.1K 323 3
                                    

Uni//

"ဘာလို့လဲပါး သားပြန်လာတာ ဒီလိုလုပ်ဖို့လာတာမဟုတ်ဘူးလေ သားဘဝကိုတော့ သားပဲစဉ်းစားမယ်"

အိမ်ဧည့်ခန်းထဲ ပါးရှေ့မှာမျက်နှာချင်းဆိုင်ကာရှောင်း‌ကျန့်ပြောလိုက်တယ် သူဒါမျိုးတွေမလိုအပ်သေးပါ သူ့အတွက်အရာရာကိုသူတွေးရမှာ အခုကသူပြန်ရောက်တာနဲ့လပ်ထပ်ရမယ်တဲ့လား

"မရဘူးသား ပါးတို့မှာကျေးဇူးကျွေး.."

"ကျေးဇူးကျွေး ကျေးဇူးကျွေး ဆိုတာနဲ့ပဲကိုင်ပေါက်နေတာ အဲ့တာတစ်ခုအတွက်နဲ့ကျွန်တော်က လက်ထပ်ရမယ်တဲ့လားပါး ဟင်"

"ပါးတို့ရဲ့အသက်သခင်မို့ပေါ့ ပါးတို့ဘဝအတွက်ကိုအရေးကြီးခဲ့တဲ့အသက်သခင်မို့လေ ပါးသားနိုင်ငံခြားအတွက် လိုတာကိုပါ ဖြည့်ပေးခဲ့တာသူတို့ဘက်က"

"ဒါဆိုသားကိုငွေနဲ့ဝယ်ထားကြတာနဲ့ဘာထူးလို့ လဲ အဲ့လောက်တောင်ကျွေးဇူးကျွေးထပ်နေရတာ ဘယ်လိုမိန်းကလေးမလို့ပါးကသားနဲ့သဘောတူနေရတာလဲ"

"သူကမိန်းကလေးမဟုတ်ဘူး "

"ဒါဆို "

"သူကမြို့ဝန်မင်းဝမ်ပဲ "

"ဘာ!"

ပါးစကားအပြီးမှာသူမက်တပ်ထရပ်မိတယ်
ဟိုတလောကသူ့ကိုလာကြိုတာ သူမထင်မှတ်စွာတွေ့ရတဲ့လူက ငယ်ငယ်ကကောင်လေးတဲ့ အရာရာပြောင်းလဲပြီးရဲတင်းတဲ့ဝမ်ရိပေါ်တဲ့လား ပါးလိုလူကရောလက်ခံပြီး ဒါမျိုးကိုသူ့ကိုတိုက်တွန်းနေတာဆိုရင် ပိုလိုတောင်အခြေအနေမှားနေသေးတယ်

"ပါးကိုသူကဘယ်လိုပြောထားလို့လက်ခံရတာလဲ"

"အဟမ်းး မရိုမသေလို့တော့မထင်နဲ့နော် ကျုပ်ကလူအော်ခေါ်ရတာသဘောမကျလို့ အဟက်"

လက်ကပုဝါကိုနှဖူးကချွေးစ‌ကိုသုပ်ကာ အိမ်ထဲကိုတစ်လှန်းချင်းဝင်လာသော မြို့ဝန်မင်းဝမ်ဆိုတဲ့‌ ဝမ်ရိပေါ်  အရာရာပြောင်းလဲသွားတာမို့ ဒီလူဟာသူသိခဲ့တဲ့ ဝမ်သခင်လေးမှဟုတ်ရဲ့လားလို့ထင်ရသည်အထိပါပဲ အပြောအစိုကအစ အပြုအမူတွေပါရဲတင်းလာသလို တကယ်ကိုယောက်ျားအသွင်အပြင်နဲ့ကိုတည်ကြည်နေတဲ့လူသား

မြို့ဝန်မင်းဝမ်♡ (Complete)Where stories live. Discover now