2

2K 106 0
                                    

စိမ့်။

အပိုင်း (၂)

“ဒီကောင်မျက်နှာပိုးကို မကျိူးဘူးနော် ညီညီ။ ငါနဲ့တော့ အကြောမတည့် လောက်ဘူးမင်းကောင်က။”

“အယ် ဘယ်ကလာ သား ကောင်မဟုတ်ပါဘူး အဖိုးရာ။”

အိမ်ပေါ် ပြန်ရောက်တာနဲ့ အဖိုးက တန်းပြောတော့တာပါပဲ။ စိမ့် ထိုင်ခုံမှာ ဝင်ထိုင်လိုက်ရင်းက

“လမ်းထိပ်မှာ သားအသုပ်စုံ ဆိုင်လေးဖွင့်ရင် ကောင်းမလားလို့ အဖိုး။”

စိမ့်က အသုပ်စုံ လက်ရာ ကောင်းမှကောင်းဆိုတာ အဖိုးက သိတယ်လေ။ ဒါ့ကြောင့်လဲ

“အင်း ကောင်းသားပဲ ဆုမွန်လဲ အားနေတော့ ဝိုင်းကူပေးလို့ ရတာပဲ။ လုပ်လေ အဖိုးကတော့ အိမ်ကနေပဲ လိုတာ ကူလုပ်ပေးမယ်။”

“ရပါတယ် အဖိုးက အိမ်မှာပဲနေပါ။ သား အကူလိုရင် တခြားသူတစ်ယေက် ရှာလိုက်လို့ရတယ်။ ဘာမှမဖြစ်ဘူး။”

“သမီး စားပွဲထိုးလုပ်ပေးမယ် ကိုညီ။”

“အေးပါ။ ညနေ ရာကြည့်ပြီး မနက်ဖြန် စပြင်လိုက်မယ်။”

စိမ့်အသုပ်စုံ ဆိုင်လေးဖွင့်ဖို့ ပြင်တော့ မျိုးသက်က လာကူပေးလို့ တော်တော်လေး သက်သာ ရပါတယ်။ မျိုးသက်က ဘာပစ္စည်းလိုရင် ဘယ်နေရာမှ ရနိုင်တယ် ဆိုတာ ဒီရပ်ကွက်က လူခံမို့ စိမ့်တို့ထက် ပိုသိတယ်လေ။ ခက်တာက ဆုမွန်ပါပဲ။ ဆုမွန်က မျိုးသက်နားကို လိုတာထက် ပိုကပ်နေသလို စိမ့် ထင်မိတယ်။

“ကိုကြီး မနက်ဖြန် ဆိုင်စဖွင့်မှာ ဆိုတော့ ကိုကြီးလဲ လာစောင့်နေပေးနော်။ အသိတွေ တွေ့ရင် ခေါ်ပြီး အားပေးခိုင်း ဟီးဟီး။”

“စိတ်ချ ငါ့ညီမရေ။ ကိုကြီးတို့ လမ်းထဲမှာကော တွေ့တဲ့ အသိတွေပါ အကုန်ကိုကြီးက ကြော်ငြာလို့တောင် ပြီးပြီ။ ရောင်းရမှာပါ။”

“ဆုမွန် ဒါတွေ ယူပြီး ပြန်နှင့် အိမ်မှာ မနက်ဖြန်စျေး ထွက်ဖို့ ချက်ပြုတ်ပြင်ဆင်ရဦးမယ်။”

“ဟုတ် ကိုညီ။ ပေး သမီးကို။”

ဆိုင်လေးက သစ်လုံးတိုင်လေးတွေနဲ့ ဒူးကျော်ကျော်လောက်ထိကို ဝါးခြမ်းပြားလေးတွေ ထောင်ပြီး ကျဲကျဲလေး ကာထားတယ်။ အထဲမှာ စားပွဲ အပုလေးတွေ သုံးဝိုင်းပြင်ထားပြီး အသုပ်စားပွဲက တစ်လုံးချထားဖို့ နေရာလုံလောက်ပါတယ်။ ဆိုင်ရှေ့မှာလဲ မျိုးသက်က သူ့အိမ်က သစ်ပင်လေးတွေ ယူလာကာ ပန်းအိုးလေးတွေနဲ့ ချထားပါတယ်။ သူတို့ဆိုင်လေး အပေါ်မှာ အရိပ်ကောင်းတဲ့ ကုက္ကိုလ်ပင်ကြီး ရှိနေတာမို့လဲ အေးပြီး ထိုင်လို့ ကောင်းမှာ သေချာပါတယ်။ အပြင်မှာတော့ ခုံပုလေးတွေ လေးဝိုင်းပြင်မယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now