11

933 55 2
                                    

စိမ့်။


အပိုင်း (၁၁)


ခေါင်းလေး နဲနဲပြူကြည့်လိုက်တာနဲ့ လှမ်းပစ်တာမို့ စိုင်းကို စိမ့်ကို ခေါင်းငုံ့ထားဖို့ လှမ်းပြောနေတာမို့ စိမ့်ခေါင်းငြိမ့်ပြ လိုက်ပါတယ်။ သေနတ်သမား နှစ်ယောက်က ပစ်လိုက် နားလိုက် အနားကို လျှောက်လာလိုက်နဲ့မို့ ခနစောင့်ဖို့ စိုင်းကို ခြေဟန်လက်ဟန်နဲ့ လှမ်းပြနေပါတယ်။ စိမ့် အနားမှာ ဘာပစ္စည်း ရှိမလဲ လိုက်ရှာတော့ ဘာမှမရှိနေတာမို့ စိုင်းကိုကို လှမ်းကြည့်ကာ စိုင်းကို ဝတ်ထားတဲ့ ရှုးဖိနပ်ကိုချွတ်ပြီး ဒီဖက်ကို လှမ်းပစ်ပေးဖို့ တောင်းလိုက်ပါတယ်။

“ဘာလုပ်ဖို့လဲ နှစ်ဖက်စလုံးလား။”

“ပေးစမ်းပါ။ တစ်ဖက်ပဲ ရတယ်။”

စိုင်းကို ဖိနပ်ကို ချွတ်လိုက်ပြီး ကြမ်းပြင်ကနေ ရှောတိုက်ကာ စိမ့်စီတွန်ပို့ လိုက်ပါတယ်။

“ဒိုင်း ဒိုင်း ဒိုင်း။”

ကျည်ဆန်တစ်တောင့်က ဖိနပ်အဖျားကို ရှပ်ထိ သွားပုံရတယ်။ ဖိနပ်က စိမ့်စီတန်းရောက်မလာပဲ စိမ့်ဘေးဖက် ခပ်လှမ်းလှမ်းမှာ ရပ်လို့သွားပါတယ်။ အကွယ်ကနေ စိမ့်ခြေတစ်ဖက်နဲ့ လှမ်းကာဆွဲလိုက်ပါတယ်။ ဖိနပ် လက်ထဲရောက်လာတော့ စိမ့်စီးထားတဲ့ ကြိုးသိုင်းဖိနပ်လေး တစ်ဖက်ကို ချွတ်လိုက်ပါတယ်။ ပြီးတော့ စိုင်းကိုကို လှမ်းကြည့်ကာ ခေါင်းငြိမ့်ပြလိုက်ပြီး အသက်ကို ဝအောင်ရှုသွင်းလိုက်ပါတယ်။

စိမ့် လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ကြိုးသိုင်းဖိနပ်လေးကို အကွယ်ရဲ့ အပြင်ဖက်ကို ဟန်ပြလိုက်တာနဲ့ တဖက်က လှမ်းပစ်သလို စိမ့်ကလဲ တပြိုင်နက် ထဲမှာပဲ ကျန်လက်တစ်ဖက်က ကိုင်ထားတဲ့ စိုင်းကို ဖိနပ်ကို သေနတ်ကိုင် သမားစီလှမ်းပစ်လိုက်ပါတော့တယ်။ သူတို့ ဟန်ချက်ပျက်သွားချိန်မှာပဲ စိုင်းကိုကော စိမ့်ပါ အကွယ်ကနေ ထွက်ကာ လူချင်းပြေးကပ်လိုက်ပါတော့တယ်။

စိုင်းကို သေနတ်ကိုင် သမားရဲ့ သေနတ်ကိုင်ထားတဲ့ လက်ကိုချုပ်ကိုင်ကာ မြှောက်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က သူ့ဝမ်းဗိုက်ဆီကို လက်သီး ဆက်တိုက် ပစ်ကျွေးလိုက်ပါတော့တယ်။ စိမ့်ကတော့ ဖိနပ်မှန်ထားတဲ့ တစ်ယောက်ရဲ့ လည်ပင်းကို ဆွဲချလိုက်ပြီး ဒူးတစ်ဖက်က သူ့ရင်ညွန့်စီကို အရှိန်နဲ့ တိုက်ချလိုက်ပါတော့တယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now