17

996 69 17
                                    

စိမ့်။


အပိုင်း (၁၇)


လေယာဉ်ပြေးလမ်းပေါ်ကနေ အမြင့်ကိုစတင် ပျံသန်းလိုက်တာနဲ့ ရင်ထဲမှာ ဟာခနဲ ဖြစ်လို့သွားပါတော့တယ်။ တကယ်က မျိုးသက်က ချန်ထားခဲ့သူလား။ ထွက်ခွါခဲ့သူလား။ စိမ့်ကိုချစ်နေတယ် ဆိုတာထက် စိုင်းကို အပေါ်မှာ ဘယ်အချိန်ထဲက စပြီး စိတ်ဝင်စားသွားတာလဲ ဆိုတာ မျိုးသက် သတိပင်မထားမိခဲ့။ အခုက မျိုးသက်ခံစားနေရတာ စိမ့်ကြောင့်လား စိုင်းကိုကြောင့်လား။ သက်မတစ်ချက်ကို အသာလေး မှုတ်ထုတ်လိုက်မိပါတယ်။

…… လမ်းခွဲကို မရောက်ချင်ပေမယ့် လမ်းခွဲပြီ လမ်းတစ်ဝက်မှာ တစ်ခြားသူ ကြိုနေလို့ …. ဝမ်းနည်းစရာ မဟုတ်ပေမယ့်လည်း ဝမ်းနည်းသည် … အရေးထဲမှာ အရမ်းတွေ ငိုချင်လို့ …..

ကားထိုးရပ်လိုက်အထိ စကားတွေ တစ်ခွန်းမှ မပြောဖြစ်ကြ။ ကားတံခါးကို ဖွင့်မလို့ လုပ်ပြီးမှ သတိရပြီး စိုင်းကိုဖက်ကိုလှည့်လိုက်ပြီး

“သွားတော့မယ်နော် ကိုစိုင်း။”

စိုင်းကိုခေါင်းကိုသာ ငြိမ့်ပြလိုက်ပေမယ့် စိမ့်ကို လှည့်မကြည့်ခဲ့ပါဘူး။ စိမ့် ကားပေါ်က ဆင်းလိုက်နေတုန်းမှာပဲ

“စိမ့်။”

စိုင်းကို ခေါ်လိုက်တာမို့ စိမ့်လှည့်ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ကာ

“ဟုတ်။”

“ကို တောင်းပန်ပါတယ် စိမ့်။”

ဘာအတွက်ဆိုတာ စိမ့်မမေးတော့ပဲ ပြုံးပဲပြုံးပြလိုက်ရင်းက

“ဟုတ်ကဲ့ ကားကို ဂရုစိုက်မောင်းနော်။”

စိမ့်ကားပေါ်ကနေ ဆင်းပြီး ခြံလေးထဲဝင်ကာ အိမ်ပေါ်တက်လာလိုက်ပါတယ်။ ပြီးတော့ အဝတ်အစားပင်မလဲ နိုင်ပဲ အိပ်ယာပေါ် လှဲချလိုက်ပါတယ်။ ခြေပစ်လက်ပစ်ပါပဲ။ လူက တအားပင်ပန်းနေသလိုပဲ ပြီးတော့ ရင်ဘတ်ထဲမှာ စို့နင့်တင်းကျပ်နေတယ်။ ဘာကိုခံစားနေရမှန်းကို မသိဘူး။ ခုနလေယာဉ်ကွင်း မှာ စိမ့်နားနဲ့ ဆက်ဆက်ကြားခဲ့ရတဲ့ အခန်းတစ်ခုထဲက ဆန္ဒပြင်းပြနေတဲ့ ပင့်သက်ရှိုက်သံတွေ။ တီးတိုညင်သာစွာကြား လိုက်ရတဲ့ ယောက်ျားနှစ်ယောက်ရဲ့ စကားသံတွေ။ ဒီအဖြစ်အပျက်လေးကို မမေ့ပစ်ရဘူးနော်တဲ့။ ဟူး …….။

Seint (စိမ့်) << Completed >>Where stories live. Discover now