6

1K 59 0
                                    


စိမ့်


အပိုင်း (၆)


မျိုးသက်ဘာဖြစ်သွားတယ်ဆိုတာ စိမ့်မသိပေမယ့် စိမ့်ကို စိတ်ခုသွားတယ် ဆိုတာတော့ စိမ့်သဘောပေါက် လိုက်ပါတယ်။ ဒါဆို မျိုးသက်ကကော စိမ့်ကိုများ ဟင် မဖြစ်နိုင်ပါဘူးလေ။ ဒါဆို သူက ဘာလို့ ချက်ခြင်းကြီး ဘာမှမပြောပဲ ဘာလို့ ထထွက်သွားတာလဲ။

“ကိုညီ့ကို စိတ်ဆိုးသွားတာ ထင်တယ်။”

“စိတ်ဆိုးရအောင် ငါက ဘာလုပ်နေလို့လဲ။”

“ဟိုလူဆိုးကောင်က ချစ်တယ်ပြောလို့လေ ဟားဟားဟား။”

“ဟဲ့ မိန်းကလေး ဖြစ်ပြီး ဘယ်လို ရီနေတာလဲ။”

တကယ်တမ်း မျိုးသက် သာစိမ့်ကို ချစ်လာခဲ့မယ် ဆိုရင် စိမ့်က တကယ်ကျေကျေနပ်နပ်ကြီး လက်ခံခဲ့မှာပါ။ အဲ့လိုတွေး လိုက်ချိန်မှာပဲ ဖျတ်ခနဲပေါ်လာတာက စိုင်းကိုရဲ့ မျက်နှာပါပဲ။ စိမ့်မျက်လုံးတွေကို မှိတ်ချလိုက်ပါတယ်။ တကယ်တမ်း စိုင်းကို ပြောတဲ့ ကိစ္စကို လက်ခံဖို့ စဉ်းစားရင်တောင်မှ ဒါဟာ မျိုးသက်ကြောင့် ပဲဖြစ်မှာပါ။ ဘာလို့လဲ ဆိုတော့ စိမ့်တို့က တစ်ခြားတစ်နေရာ ပြောင်းသွားရင်တောင် မျိုးသက်ကတော့ ဒီမှာမဖြစ်မနေ ကျန်နေခဲ့မယ့်သူမို့လေ။ သူ့အတွက် ပိုပြီး စဉ်းစားပေးရမှာ။ ဘာလို့မှန်းမသိပေမယ့် မျိုးသက်နဲ့ အတူရှိနေရင် ပျော်မိသလို မျိုးသက်ကိုလဲ အမြဲကာကွယ်ပေးချင် နေမိတာလေ။


……………………………….

“ဟဲ့ မျက်နှာက ဘာဖြစ်နေတာလဲ လာပါဦး ဒီကို။”

“နောက်မှပြော အမေရာ သားခေါင်းတေကိုက်နေလို့။”

“ဟင် ဟုတ်လား အဲဒါဆိုဆေးလေး သောက်ပြီးမှ အိပ်လိုက်နော် သား ကိုယ်ကောပူလား။”

“ရတယ် အမေ ဒီတိုင်းနားလိုက်ရင် သက်သာသွားမှာပါ။”

“အော်အေးအေး နားနား ငါ့သားလေး တစ်နေ့တစ်နေ့ အလုပ်တွေပင်ပန်းရှာတယ်။”

အမေ့ အထေ့စကားလေးကို ပြန်ပင်ရီမပြ ချင်တော့တာမို့ အိပ်ယာထဲ တန်းဝင်ကာ ကုတင်ပေါ်လှဲချ လိုက်ပါတော့တယ်။ ရင်ထဲမှာဘာကို အလိုမကျမှန်းမသိ။ တကယ်ဆို ဒီကိစ္စက မျိုးသက်နဲ့ ဘာမှမဆိုင်ဘူးလေ။ ယောက်ျားလေးချင်း စိတ်ဝင်စားတဲ့ စိမ့်က တစ်ခြားယောက်ျားလေး တစ်ယောက်ကို စိတ်ဝင်စားတာ အဆန်းမှ မဟုတ်တာ။ ဒါကို ကြားထဲဝင်ပြီး ခံစားနေတဲ့ သူကသာ ဆန်းနေတာ မဟုတ်လား။ ဒါဆို သူကလဲ စိမ့်ကို ချစ်နေတာလား။ စိမ့်ကို တခြားသူနဲ့ မမြင်ချင်သလို ဆုံးရှုံးရမှာကိုလည်း မျိုးသက် အရမ်းတုန်လှုပ်မိပါတယ်။ ဒါဆို ဒါဆို သေချာနေပြီပေါ့။ ရင်ဘတ်ပေါ် လက်တင်မိတော့ လက်ကို လန့်ပြိး နေရာပြန်ရွှေ့လိုက်မိတဲ့ အထိပါပဲ။ ကြည့်စမ်း ရင်တွေ ခုန်နေလိုက်တာ။ ဟာကွာ။ မဟုတ်သေးပါဘူး။ ငါရူးနေပြီ လားမသိဘူး။

Seint (စိမ့်) << Completed >>Where stories live. Discover now