19

1K 57 5
                                    

စိမ့်။


အပိုင်း (၁၉)


“သူပဲ ဆရာတူး။”

မာစီဒီး ကားနက်ကြီးရဲ့ အထဲကနေ လှမ်းကြည့်လိုက်တော့ လက်ကေ့ချ်ဘေးမှာ ရပ်နေတဲ့ ကုတ်အင်ကျီအဖြူ၊ ဘောင်းဘီအဖြူဝတ်ထားပြီး အထဲမှာ ရှပ်အကွက် အပြာရောင်ရင့်ရင့်ကို ဝတ်ထားတဲ့ အရပ်ခပ်မြင့်မြင့်နဲ့ ချာတိတ် တစ်ယောက်။ တူးမိုင် နှုတ်ခမ်းကို လက်နဲ့ အသာသပ်လိုက်ပြီးတော့မှ

“ဒီကောင်က ဂျပန်က ပြန်လာတဲ့ကောင်လား?”

“ဟုတ်တယ် ဆရာတူး။”

“ကျန်တဲ့ နှစ်ယောက်ကကော?”

“ကျွန်တော့် အသိအခြောက်မလေးတွေကို အဲဒီ့ကောင်ရဲ့ ဆိုင်မှာ သွားပြီး စုံစမ်းခိုင်းတာတော့ သူတို့ နှစ်ယောက်လာကြိုမှာ ကျိန်းသေတယ်လို့ ပြောပါတယ်။ အခုက ဘာလို့နောက်ကျ နေတာလဲမသိဘူး။”

“ငါ့ကို ဖုန်းပေး။”

တူးမိုင်ဘေးမှာ ထိုင်နေတဲ့ တပည့်က တူးမိုင်လက်ထဲကို ဖုန်းထည့်ပေးလိုက်ပါတယ်။ တူးမိုင် ဖုန်းကို နှိပ်လိုက်ပြီး

“ပစ်မှတ်ကို တွေ့ပြီလား မင်းတို့။”

“တွေ့တယ် ဆရာတူး။ ပလက်ဖောင်းဘေးမှာ စိုက်ထားတဲ့ တိုင်အဖြူရောင်ပါ။”

“အိုခေ။ ခြံထဲကို သယ်ခဲ့ လိုက်တော့။”

ပြောပြီး တူးမိုင်ဖုန်းချလိုက်ချိန်မှာပဲ တူးမိုင်ကားကလည်း စက်နှိုးပြီးသား ဖြစ်နေပါပြီ။

“ဟို နှစ်ယောက်ကို မစောင့်တော့ဘူးလား ဆရာတူး။”

တူးမိုင် ခေါင်းကို အသာခါလိုက်ရင်းက

“သူ့အလိုလို ပါလာလိမ့်မယ်။”

တူးမိုင်တို့ ကားဘေးမှာ ရပ်ထားတဲ့ အနက်ရောင် အာရာဖတ်ကားနှစ်စီး ကားပါကင်ကနေ ထွက်သွားချိန်မှာပဲ တူးမိုင်တို့ကားလေးလဲ စတင်ရွေ့လျား လာပါတော့တယ်။

ကားတွေ တန်းစီထွက်လာပြီး ပထမကားက ကောင်လေးကို ရှေ့မှာရပ်လိုက်ကာ ကားပေါ်က လူနှစ်ယောက် ဆင်းလာပြီး ဂျိုင်းကနေ တဖက်စီမကာ ကားပေါ် ဆွဲတင်လိုက်ပါတော့တယ်။ ကားပေါ်ရောက်တာနဲ့ ကားတံခါးက ပြန်ပိတ်သွားပြီး သူတို့ကားတွေ ထွက်ခဲ့လိုက်ပါတော့တယ်။ ဟိုနှစ်ယောက် ကိုမစောင့် တော့ဘူး။ ဒီကောင်လေးပါလာရင် သေချာပေါက်လိုက်လာ ကြမှာပါ။ ဟိုရောက်မှ လိပ်စာကို ကောင်လေးကို ဖုန်းဆက်ပြီး ပြောခိုုင်း လိုက်ယုံပဲ။

Seint (စိမ့်) << Completed >>Where stories live. Discover now