20

1.2K 69 9
                                    

စိမ့်။


အပိုင်း (၂၀)


“ဟေ့ ရပ်စမ်း။”

စိမ့် နားကို ပြေးလာတဲ့ ဓါးကိုင်ထားတဲ့ လူသုံးယောက်။ စိမ့် အနားမှာရှိတဲ့ သေတ္တာပုံးကြီးပေါ် ပြေးပြီး ခုန်တက်လိုက်ပါတော့တယ်။ အပေါ်ရောက်တာနဲ့ နောက်ကနေ ပြေးတက်ကာ လိုက်လာတဲ့ ပထမဆုံး လူရဲ့ မျက်နှာကို ညာခြေနဲ့ ဖျတ်ကန်လိုက်ပါတယ်။ တစ်ယောက်နောက်ကို လန်ကျသွားတော့ နောက်ထက် လူတစ်ယောက်တက်လာကာ ဓါးနဲ့ လှမ်းခုတ်တာမို့ ကိုယ်ကို ယိမ်းကာ ရှောင်လိုက်ပြီး ဗယ်ဝှိုက်လက်သီး တစ်လုံးကို နံကြားထဲ ပစ်သွင်း လိုက်ပါတော့တယ်။

“အား ဗုံး။”

ဘေးက သေတ္တာပုံးဇောင်းပေါ် ပြုတ်ကျတာမို့ တစ်ယောက်တော့ ကောင်းကောင်း စိတ်ချရသွားပါပြီ။ နောက်ထပ် တက်လာတဲ့ တစ်ယောက်ကို တိုက်ခိုက်ဖို့ ပြင်နေလိုက်တုန်းမှာပဲ အပေါ်ကနေ လှမ်းတွေ့ လိုက်ရတာ စိမ့်ရှိရာ ဖက်ကို ပြေးလာနေတဲ့ ဓါးကိုင်ထားတဲ့ လူ (၅) ယောက်။ စိမ့် အကြောလျော့ သလို ခပ်ကြွကြွလေး ခုန်လိုက်ပြီးမှ လက်သီး ကို အသင့်ပြင်လိုက်ပါတော့တယ်။

“ဝေါ……. ဒုံး ဂလုံး ဒုံး။”

အဲဒီ့အချိန်မှာပဲ ဂိုထောင်ထဲကို အရှိန်နဲ့ မောင်းဝင်လာတဲ့ အနက်ရောင် ကားတစ်စီး။ ဒါ စိုင်းကိုပေါ့။ စိမ့်ဖက်ကို ပြေးလာတဲ့ လူတွေကို အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်လိုက်တာမို့ လေပေါ် မြောက်တဲ့သူမြောက် ဘေးကို လွင့်တဲ့သူလွင့်နဲ့ အားလုံး အတုံးအရုံး ဖြစ်ကုန်ကြပါတော့တယ်။ စိမ့် အရှေ့က လူက အောက်ကို လှည့်ကြည့်လိုက်တုန်းမှာပဲ စိမ့် ဒူးတစ်ဖက်ကို ကွေးကာ ခြေတစ်ဖက်ကို ဆန့်ရင်း တစ်ပတ်လှည့်လိုက်တာ ရှေ့ကလူ ဗုံးကနဲ ပစ်လဲသွားပါ တော့တယ်။

စိုင်းကို ကားပေါ်က သေတ္တာပုံးတွေနဲ့ တိုက်မိကာ ထိုးရပ်သွားတာမို့ ကားပေါ်က ဆင်းလိုက်တုန်းမှာပဲ ခေါင်းပေါ်က စီးကကျလာတဲ့ သွေးတစ်ချို့ကို လက်နဲ့ သုတ်လိုက်ရင်း အပေါ်ထပ်ကို တက်လာခဲ့လိုက်ပါတော့တယ်။ အပေါ်ထပ်ကို ရောက်တော့ ထိုင်နေတဲ့ ကောင်ရဲ့ အရှေ့မှာ ရပ်နေတဲ့ သူနှစ်ယောက် လက်ထဲမှာ သေနတ်ကိုယ်စီနဲ့။

Seint (စိမ့်) << Completed >>Where stories live. Discover now