18

970 58 5
                                    

စိမ့်။


အပိုင်း (၁၈)


“ငါတို့ ဘာမှ လုပ်လို့မရဘူးလေ မျိုးသက်။ မင်းရော ငါပါ စိမ့်ကို လိုချင်ခဲ့ကြတာ မဟုတ်ဘူးလား? အတူတူ ချစ်ခဲ့ကြတာပဲ မဟုတ်ဘူးလား?”

မျိုးသက် ခေါင်းကို ငြိမ့်လိုက်ရင်း

“အင်း ခုချိန်ထိလဲ ငါ စိမ့်ကို ချစ်နေတုန်းပါပဲ။”

“ငါလဲ ချစ်နေတုန်းပါပဲ။”

သူတို့ တစ်ယောက်ကို တစ်ယောက်ကြည့်နေ မိကြပြန်ပါတယ်။ ခနတာ ငြိမ်သက်သွားကြပြီးမှ

“ငါတို့ အတွက် အချိန်မရှိတော့ဘူးလို့ ငါထင်တယ် စိုင်းကို။”

“အင်း။”

“ငါ လေ….။”

ပြောလက်စ စကားကို ရပ်ထားတာမို့ စိုင်းကို မျက်ခုံးတွေကိုပင့်ပြီး

“ပြောလေ ဘာဖြစ်လို့လဲ မျိုးသက်။”

“ငါ………….. မင်းစီက ကြားချင်တဲ့ စကားတစ်ခွန်း ရှိတယ်။ ဒါပေမယ့် ငါမမေးလဲ မမေးချင်သလို မေးလဲ မမေးရဲဘူး ဖြစ်နေတယ်။”

မျိုးသက် စကားကြောင့် စိုင်းကို ပြုံးလိုက်ရင်းက

“မင်းတစ်ယောက်ထဲလို့ ထင်လို့လား မျိုးသက်။ ငါလည်း အတူတူပါပဲ။”

“ဒီလိုလုပ်မလား။ မင်းစီကိုငါ အသံ မက်ဆေ့ ပို့လိုက်မယ်။ မင်း နားထောင်ပြီးတာနဲ့ ငါပြန်ဖျက်လိုက်မယ်။ မင်းလဲ အဲဒီ့လို ငါ့ကိုပို့ပေး။”

စိုင်းကို ခေါင်းကို ငြိမ့်လိုက်ပြီး

“အင်း ကောင်းသားပဲ။”

“ဒါဆို ငါဖုန်းချလိုက်မယ်နော်။”

တစ်ယောက်မျက်နှာကို တစ်ယောက်ငေးကြည့်နေရင်းက ခေါင်းကို ပြိုင်တူငြိမ့်လိုက်ကြပါတယ်။ မျိုးသက် ဖုန်းကိုချလိုက်တော့ စိုင်းကို ဖုန်းလေးကို ကိုင်ကာ ငေးကြည့်နေရင်းက မျိုးသက်ပို့လာမယ့် အသံမက်ဆေ့ကို စောင့်နေလိုက်ပါတယ်။ ခနနေတော့ အသံဖိုင်လေး ရောက်လာတာမို့ အသာဖွင့်ကာ နားထောင် လိုက်မိပါတော့တယ်။

Seint (စိမ့်) << Completed >>Where stories live. Discover now