10

984 53 2
                                    


စိမ့်။


အပိုင်း (၁၀)


လက်ကနာရီကိုပဲ အကြောင်းမဲ့ စိတ်လောစွာ ကြည့်နေမိရင်းက Taxi သမားကို အမြန်မောင်းဖို့ကို တောင်းဆိုနေမိတယ်။

“အစ်ကို မြန်မြန်လေး မောင်းပေးပါဗျာ။ ကျေးဇူးတင်ပါတယ်နော်။”

“အင်းပါ ညီလေးရာ။ တအားတော့ မလောပါနဲ့။ အန္တရယ်များတယ်လေ။”

“ဟုတ်ကဲ့ပါ။ ကျွန်တော် အရမ်းအရေးကြီးနေလို့ပါဗျာ။”

တကယ်လဲ စိတ်က မရှည်တော့တာ အမှန်ပေ။ စိမ့်ကို စိတ်အရမ်းပူနေမိတယ်။ လေယာဉ်ပေါ်ကနေ မနဲပြောပြီး အတင်းပြန်ဆင်းလာခဲ့တာလေ။ လေယာဉ်ခ ဒေါ်လာ (၇၀၀) အဆုံးခံခဲ့ သလို တန်ဆာဆောင်ထားတဲ့ ခရီးဆောင်အိတ်ကြီးလည်း ဘယ်စီရောက်သွားမှန်း သတိမရတော့။ အိမ်နဲ့တော့ အတော်လေး ပြောဆို တောင်းပန်ရပေဦးမည်။ တကယ်က မျိုးသက်က ရန်ဖြစ်လေ့မရှိပဲ အမြဲရှောင်တက်ပေမယ့် အခု စိမ့်ကို စိတ်မချလွန်းလို့ ပြန်လှည့်လာ လိုက်တာလေ။ နောက်ပြီး သေချာတာတစ်ခုက သူ စိမ့်ကို ချစ်နေမိတယ် ဆိုတာပေါ့။ အခုလည်း စိမ့်ပါမက အဖိုးရော ညီမလေးပါ ဒုက္ခရောက်နေတာကို မျိုးသက် ဒီတိုင်းထွက်မသွား နိုင်ပါဘူး။ ကျန်တဲ့ကိစ္စတွေ နောက်မှရှှင်းမယ်။ လောလောဆယ် စိမ့်နောက်ကို လိုက်သွားမယ်။

မျိုးသက် ဖုန်းကို ထုတ်လိုက်ပြီး သူငယ်ချင်းစီကို ဆက်လိုက်ပါတယ်။

“သားကြီး ငါ့ကို ဆိုင်ကယ်တစ်စီး ယူခဲ့ပေးပြီး သပြေရိပ်ကနေ စောင့်နေ ငါအခုပြန်လာနေပြီ။ နောက် မိနစ် (၂၀) လောက်ဆို ရောက်ပြီ။ အမြန်နော်။ ဟာ အဲဒါတွေ နောက်မှ ပြောစမ်းပါ။ ငါမှာတာ အမြန်လုပ်ပေး။ အေး။ အဲဒါဆို ဒါပဲ။”


…………………………………

စိုင်းကို ကားကို တစ်နေရာမှာ ရပ်လိုက်ပြီး စိမ့်ကို လှည့်ကြည့်လိုက်ပါတယ်။ ပြီးတော့ သက်ပြင်းကို ချလိုက်ရင်း

“မင်း အဆင်သင့် ဖြစ်ပြီလား စိမ့်။”

“ရောက်ပြီဆို သွားမယ်။ အချိန်မရှိဘူး။”

Seint (စိမ့်) << Completed >>Where stories live. Discover now