4

1.1K 72 0
                                    

စိမ့်။

အပိုင်း (၄)

“ဟယ်လို။”

“စိမ့်အသုပ်ဆိုင်ကလားဗျ။”

“အော် ဟုတ်ပါတယ်။”

“ဟုတ်ကဲ့ ကျွန်တော် ဟိုတစ်လောက ပြောထားတာလေ။ မနက်စာလေး ပို့ပေးဖို့။”

“အော်ဟုတ်ကဲ့ အစ်ကို ပြောပါ။”

“အဲဒါ အဲဒီ့လိပ်စာ အတိုင်း မနက်ကျရင် အသုပ်တစ်ပွဲ ပို့ပေးပါလားဗျာ။ ကျွန်တော်က ဒီညပဲ အရေးပေါ် ခရီးထွက်ခဲ့ရလို့ပါ။”

“ဟုတ်ကဲ့ ရပါတယ်။ ပို့ပေးလိုက်ပါ့မယ်နော်။”

“ကျေးဇူးပါခမျာ။”

စိမ့်ဖုန်းကို ချလက်ပြီး လှီးလက်စ ဂေါ်ဖီကို ဆက်လှီးလိုက်ပါတယ်။ ဒါတွေက မနက်ဖြန်အတွက် ပြင်ဆင်နေတာလေ။ နောက်နေ့ မနက်ရောက်တော့ ဆိုင်ခင်းပြီး ခနနေ မျိုးသက်ရောက်လာပါတယ်။

“အစ်ကို့ အိမ်မှာ စက်ဘီးရှိလား အစ်ကို။”

“အင်း စက်ဘီးလဲ ရှိတယ်။ ဆိုင်ကယ်လဲ ရှိတယ်။ ကိုက ဟိုနားဒီနားမို့ လမ်းလျှောက်ပဲ သွားတာ။ စိမ့် ဘာလုပ်မလို့လဲ။”

“ဒီမှာလေ ဒီလိပ်စာ အတိ်ုင်း အသုပ်လေး သွားပို့ချင်လို့။ လမ်းလျှောက်သွားရင် ကြာနေမှာ စိုးလို့ အစ်ကို။”

မျိုးသက်က လိပ်စာကဒ်ကို ယူလိုက်ရင်း ကြည့်ကာ

“အယ်လယ့် ဒလီဗာရီနဲ့တောင်ပို့ နေရပြီပေါ့လေ။ အောင်မြင်ချက်ဗျာ။”

“အစ်ကိုကလဲ ပေါက်ကရပြောတော့မယ်။ အဖွားတစ်ယောက်ထဲ ရှိတာမို့ အကူညီတောင်းထားလို့ပါ။”

“အွန်းပါ။ ဒီနေရာက ဟိုဖက်ရပ်ကွက်ဆိုတော့ လမ်းလျှောက်သွားရင်နဲနဲဝေးတယ်။ အစ်ကို စက်ဘီးပြန်ယူလိုက်ဦးမယ်။ စိမ့်သုပ်ထားနှင့်လိုက်။”

“ဟုတ်အစ်ကို။ လာ အစ်မကြီး။ ဘာစားမလဲ။ ထိုင်ပါနော်။”

ဝင်လာတဲ့ ဧည့်သည်ကို စိမ့် တစ်ခါတည်း လှမ်းပြောလိုက်ပါတယ်။

“အသုပ်စုံ တစ်ပွဲ၊ ခေါက်ဆွဲ လွတ်တစ်ပွဲ ပါဆယ် ယူမယ် စိမ့်ရေ။ ခေါက်ဆွဲက အစပ်မထည့်ဘူးနော်။”

Seint (စိမ့်) << Completed >>Where stories live. Discover now