15

969 48 1
                                    

စိမ့်။


အပိုင်း (၁၅)။


“စိမ့်ကို ပြောစရာရှိလို့ အစ်ကို။”

“ဟုတ်အစ်ကို ပြောလေ။”

နာရေးပြီးသွားလို့ အိမ်ကို ပြန်သွားပေမယ့် နောက်နေ့မှာပဲ မျိုးသက်ရောက်လာကာ စကားစလို့လာပါတယ်။

“စိမ့် စိတ်သောကရောက်စရာ များနေတဲ့ အချိန်မှာ ပြောရတာတော့ အားနာပါတယ် စိမ့်ရယ်။ ဒါပေမယ့် အစ်ကိုလဲ အချိန်မရတော့လို့ပါ။”

“ဟုတ်ကဲ့ပါ အစ်ကိုရဲ့ ပြောစရာ ရှိတာပြောပါ။ ရပါတယ်။”

“စိမ့်ကို အစ်ကို ချစ်တယ်။”

ထင်ထားပေမယ့် ဒီလို ပါးစပ်ကနေ ဖွင့်ပြောလာတာ ကြားရတော့ စိ်မ့် ကြက်သီးများပင် ထလို့သွားရပါတယ်။ ဘာပြန်ပြောရမှန်း မသိတာမို့ ခေါင်းကိုပဲ အသာငြိမ့်ပြလိုက် ရပါတယ်။

“အစ်ကို ဂျပန်ကို ပြန်သွားဖို့ အချိန်မရတော့လို့ပါ။ စိမ့်သာ လက်ခံမယ်ဆို အစ်ကို မသွားတော့ပဲ ဒီမှာပဲ စိမ့်နဲ့ အတူနှစ်ယောက်ထဲ နေပြီး အလုပ်လုပ်ကြဖို့ အစ်ကိုတွေးထားတယ်။ အဓိက ကတော့ စိမ့်ကို မခွဲချင်တာကော စိတ်မချတာကြောင့်ပါ။ ဒါပေမယ့် စိမ့်က လက်မခံဘူး ဆိုရင်တော့ အစ်ကို ဂျပန်မှာပဲ အေးအေးဆေးဆေး သွားနေတော့မလို့ပါ။”

စိမ့်ခေါင်းကို ငြိမ့်ရင်းက

“စိမ့်အတွက်နဲ့ ရည်ရွယ်ချက်တွေ အပျက်မခံပါနဲ့ အစ်ကို။ နောက်ပြီး အစ်ကို့ကို စိမ့်ပြောစရာ ရှိသေးတယ်။ စိမ့်က ကိုစိုင်းကို လက်ခံလိုက်ဖို့ ဆုံးဖျတ်ပြီးသား ဖြစ်နေပါပြီ။ အဲဒီ့အတွက် စိမ့် စိတ်မကောင်းပါဘူး အစ်ကို။”

“တကယ်ကြီးလား စိမ့်ရယ်။ စိမ့် အစ်ကို့ကို ချစ်တာ မဟုတ်ဘူးလား။ စိမ့် အစ်ကို့ကိုချစ်တယ် မှတ်လား ဟင်။”

စိမ့် ပြုံးလိုက်ကာ ခေါင်းကို ခါလိုက်ရင်းက

“အစ်ကို အထင်မှားနေပြီ စိမ့်က အစ်ကို့ကို အစ်ကိုတစ်ယောက်လို ဆွေမျိုးတစ်ယောက်လို ခင်တွယ်ခဲ့တာပါ။ စိမ့် အစ်ကို့ကို မချစ် ဘူး။”

Seint (စိမ့်) << Completed >>Where stories live. Discover now