Part - 1

1K 42 0
                                    

" I need a lover to keep me save
Pull me from hell bring me back again
Play me the classic something romantic
Give her my all when i don't even have it
I always dreamed of.... "

" နင့်ကိုစာလုပ်ဖို့လွတ်လိုက်တာလေ "

သံစဥ်လက်ထဲကဂစ်တာကိုကြမ်းပြင်ပေါ်သို့ရိုက်ခွဲပြီးအော်ဟစ်ပြောဆိုနေသူမှာမိခင်ဒေါ်ကြူကြူသင်းဖြစ်သည်။

" မေမေ "

သံစဥ်တစ်ယောက်စိတ်မကောင်းစွာနဲ့ကွဲကြေသွားသောဂစ်တာအပိုင်းအစလေးတွေကိုကြည့်ပြီးအသံမထွက်တထွက်လေးသာဆိုလေသည်။

" နင့်ကို ငါစာလုပ်ခိုင်းတာလေ ဟမ် ဒီအရေမရအဖတ်မရတဲ့အရာကိုလုပ်နေတာ ခုချက်ချင်းစာလုပ် နင်ဆယ်တန်းကိုဂုဏ်ထူး 6 ဘာသာနဲ့ဆရာဝန်ဖြစ်ကိုဖြစ်ရမယ် 24 နာရီလုံးစာပဲလုပ်နေရမယ် အဲ့ဒါကိုခေါင်းထဲထည့်ထားကြားလား "

ဒေါ်ကြူသင်းသည်ဆွဲလားတွန်းလား သမီးဖြစ်သူသံစဥ်ကိုဆဲဆိုအော်ဟစ်နေသည်။
သံစဥ်သည်မျက်ရည်တွေအလုံးအရင်းကျလျက်သာနေခဲ့တော့သည်။

သံစဥ်သည်မိရိုးဖလာအလိုက်ချမ်းသာခဲ့ကြသောမိဘနှစ်ပါး ဦးခေတ်ဇော်နဲ့ဒေါ်ကြူသင်းတို့မှမွေးဖွားလာခဲ့သောတစ်ဦးတည်းသောသမီးဖြစ်သည်။ချမ်းသာတဲ့မိသားစုတစ်ခုဆိုပေမယ့်ငယ်စဥ်ကတည်းကမိခင်ဖြစ်သူရဲ့ချုပ်ချယ်မှုအောက်မှာပဲကြီးပြင်းခဲ့ရသူဖြစ်သည်။မိခင်ရဲ့အလိုကြောင့်သာရှင်သန်နေခဲ့ရပြီးပစ္စည်းကြွယ်ဝသော်လည်းစိတ်ဆင်းရဲမြဲဆင်းရဲနေခဲ့ရသည်။ဖခင်ဖြစ်သူလည်းမိသားစုကိုအရေးမစိုက်အပြင်အပျော်မယားများနဲ့သာပျော်ပါးလေ့ရှိလေသည်။

" ဒေါ်တုတ် "

" ဟုတ်ကဲ့ "

" ဒီဟာတွေရှင်းသွားလိုက် ပြီးတော့သမီးစာလုပ်တာမျက်ခြေမပြတ်ကြည့်နေ "

" ဟုတ် ဟုတ်ကဲ့ပါ "

" သံစဥ် မဟုတ်တာတွေထပ်လုပ်ဖို့စိတ်ကူးတောင်မယဥ်နဲ့နော် နင် ကြားလား "

ဒေါ်ကြူသင်းသည်ဆဲဆိုရုံမကပဲသံစဥ်ဆံပင်ကိုပါစောင့်ဆွဲပြီးပြောသည်။ငယ်စဥ်ကတည်းကဒီလိုပြုကျင့်ခံရသောသံစဥ်အတွက်ကတော့မျက်ရည်ကျပြီးမိခင်အလိုလိုက်ပေးရုံမှအပါးဘာမှမတတ်နိုင်ခဲ့ပေ။

My Last Forever 🥀( Completed )Hikayelerin yaşadığı yer. Şimdi keşfedin