Part - 13

215 28 2
                                    

" မိုးရှိလား မကြီး "

" အော် ရှိပါတယ်ကိုမောင်ရွှေ လာ လာ အိမ်ထဲဝင်ပါဦး "

" ဟုတ်ကဲ့ပါ "

" နိုးနိုး နင့်တီလေးသွားခေါ်ခဲ့ဦး "

TV ထိုင်ကြည့်နေတဲ့နိုးနိုးကိုမိခင်ဖြစ်သူကခေါ်ခိုင်းလိုက်သည်။

" တီလေး "

" ဘာလဲ စောစောစီးစီး "

" တီလေးလူရောက်နေတယ် "

" ဘယ်သူလဲ "

" ဘယ်သူဖြစ်ရမှာလဲ ဟိုလူကြီးလေ "

" ဟာ တကယ်စိတ်ရှုပ်လိုက်တာပဲ "

" အစ်မတော်ကခေါ်ခိုင်းတာ မြန်မြန်ဆင်းသွားလိုက်ဦး "

" ဟုတ်ပြီ သွားလိုက်မယ် "

ဒေါ်မိုးနွယ်သည်မျက်မှောင်ကြီးကြုံ့ကာထသွားလေသည်။

" မိုး "

" အစောကြီးပါလား ဘာကိစ္စရှိလို့လဲကိုမောင်ရွှေရဲ့ "

" မိုးအတွက်ကိုယ်မနက်စာဝယ်လာပေးတာပါမိုးကြိုက်တဲ့မုန့်ဟင်းငါးပူပူလေး "

" ကျွန်မစောနကပဲမုန့်နဲ့ကော်ဖီစားပြီးနှင့်ပြီကိုမောင်ရွှေအိမ်ပဲယူသွားစားလှည့်ပါ "

" အော် ညီမလေးမိုးတဖက်ကဒီလောက်ထိတကူးတကဝယ်လာပေးတာကိုခုနကလည်းနဲနဲလေးစားလိုက်တာရယ်စားလိုက်ပါ ပေး ပေးပန်းကန်သွားထည့်ခဲ့မယ် နှစ်ယောက်အတူအေးဆေးစားကြ "

" ရပါပြီဆို မကြီးရဲ့ ကျွန်မသွားစရာရှိလို့ အားနာပါတယ် ကိုမောင်ရွှေရဲ့ကျွန်မအခုပဲအပြင်သွားတော့မို့ "

ဒေါ်မိုးနွယ်သည်ပြောပြောဆိုဆိုနဲ့အပေါ်ထပ်ပြန်တက်ကာအိတ်နဲ့အင်ကျီကောက်ထပ်လိုက်ပြီးကားနဲ့ထွက်သွားလိုက်သည်။

" ကိုမောင်ရွှေ ညီမလေးမိုးကအလုပ်ရှိတယ်နဲ့တူပါတယ် အားနာလိုက်တာ "

" ဘာမှမဖြစ်ပါဘူး မကြီးမိုးကအမြဲတမ်းတမ်းဒီလိုပါပဲကျွန်တော်ပွေမယူပါဘူး "

" ဦး စိတ်မရှိရင်နိုးပဲစားလိုက်မယ်လေနော် "

" ရတာပေါ့ ဦးလည်းအတူတူစားမယ်လေ "

My Last Forever 🥀( Completed )Where stories live. Discover now