Part - 18

189 21 0
                                    

" တီး တီး "

သံစဥ်တစ်ယောက်အမေဖြစ်သူရုံးသွားဖို့ laptop ထည့်ပေးနေရင်းနဲ့အိမ်ရှေ့ကကားဟွန်းတီးသံကိုကြားလိုက်ရသည်။

" ဘယ်သူလဲ မသိပါဘူး ဒီကားကိုမမြင်ဖူးပါဘူးမေမေ "

အိမ်ထဲကနေမှန်ပြတင်းမှတဆင့်အပြင်ကိုလှမ်းကြည့်ကိုအမေဖြစ်သူကိုပြောလေသည်။

" ဟုတ်လား မေမေသွားကြည့်လိုက်ပါ့မယ် "

" သံစဥ်လည်းလိုက်ခဲ့မယ် "

နှစ်ယောက်သားအိမ်ရှေ့သို့ထွက်ခဲ့ကြလေသည်။

" သမီးဖွင့်လိုက်ပါမယ် မေမေ "

တံခါးကိုဖွင့်လိုက်တော့ဘယ်သူမှမဟုတ်ပေ။နိုးနိုးပင်ဖြစ်သည်။

" နိုးနိုး နင်ဘယ်လိုလုပ်ပြီး "

သံစဥ်စကားပင်မဆုံးလိုက်ရ ကားပေါ်ကဆင်းကာသံစဥ့်နောက်ရပ်နေသောဒေါ်ကြူသင်းကိုပြေးဖက်လိုက်လေသည်။

" အန်တီ့ကိုအရမ်းလွမ်းတာပဲ "

" နေပါဦး နိုးနိုးနင်ငါ့ဆီလာတာလား ငါ့မေမေဆီလာတာလား "

သံစဥ်သည်တံခါးပေါက်ကိုလက်ပိုက်မှီပြီးခနဲ့တဲ့တဲ့ပြောလေသည်။

" နှစ်ယောက်လုံးကို "

" ငါသိပ်မပြောချင်ဘူးနော် ဟွင့် "

" ကဲပါ လာ လာ လာ ငါဖက်မယ် "

သံစဥ်နားတိုးကာသံစဥ့်ကိုဆွဲပြီးဖက်လိုက်သည်။

" Congratulation ပါနော် ဒီညတော့ရှယ်သောက်ကြမယ်မလား "

" နင်အတွက်လည်း Big con ပါ "

" ကဲပါ ကလေးမနှစ်ယောက်အိမ်ထဲဝင်ပြီးမှအေးဆေးပြောကြပါ လာခဲ့ "

ဒေါ်ကြူသင်းသည်ပြောဆိုရင်းနဲ့နိုးနိုးလက်ကိုဆွဲပြီးသွားလေသည်။

" မေမေ မေမေ့သမီးကိုခေါ်ဦးလေ မေမေ "

သံစဥ်သည်အသံပြုအော်ကာမိခင်ဖြစ်သူနဲ့သူငယ်ချင်းဖြစ်သူနောက်ကနေပြေးလိုက်ရတော့သည်။

" အန်တီ ရုံးသွားတော့မလို့လား "

" ဟုတ်တယ် ကလေးရဲ့ညမှကောင်းကောင်းတွေ့ကြမယ်လေနော် "

My Last Forever 🥀( Completed )Where stories live. Discover now