Part - 20

195 15 0
                                    

" ကလေးမနှစ်ယောက် ထကြတော့ဒီနေ့ပထမဆုံးကျောင်းတက်ရမှာလေ နောက်ကျလို့မဖြစ်ဘူး သွားအမြန်ရေချိုးပြီးသွားပြင်ဆင်ကြတော့ ချယ်မနက်စာသွားလုပ်ဦးမယ် "

အခန်းရဲ့လိုက်ကာကိုဆွဲတင်လိုက်ကာဒေါ်မိုးနွယ်ရဲ့အသံတွေနဲ့အတူသံစဥ်နဲ့နိုးနိုးတို့လည်းအိပ်ရာမှကုန်းရုန်းထကြတော့သည်။

" ချယ် အစောကြီးရှိသေးတာကို "

" ဘာစောတာလဲ နာရီကိုလည်းတစ်ချက်ကြည့်ပါဦး 7 ခွဲတော့မယ် ထ မြန်မြန်ထတော့ "

အိပ်ရာပေါ်ဆန့်ငင်ဆန့်ငင်လုပ်နေတဲ့ကလေးမနှစ်ယောက်ကိုဒေါ်မိုးနွယ်ကနှစ်ယောက်လုံးရဲ့ပါးကိုဆွဲညစ်ပစ်လိုက်လေသည်။

" အား နာတယ် တီလေး/ချယ် "

နိုးနိုးနဲ့သံစဥ်တို့ပြိုင်တူအော်ကြလေသည်။

" နာရင်ထကြတော့ "

နှစ်ယောက်လုံးကုန်းရုန်းထကာရေချိုးခန်းသို့သွာခဲ့ပြီးဒေါ်မိုးနွယ်လည်းမနက်စာပြင်ဖို့သွားခဲ့သည်။

" အေးအေး မနေ့ကတီချယ်ဝယ်ခိုင်းတဲ့ရေညှိတွေရခဲ့လား "

" ဟုတ် တီချယ် ရခဲ့ပါတယ်ရှင့် "

" ဟုတ်ပါပြီ လက်ဖက်ရည်ရပြီ အရင်သွားငှဲ့ထားဦး တီချယ်မုန့်ကြော်လိုက်မယ် "

" ဟုတ်ကဲ့ပါ တီချယ် "

" မွှေးနေတာပဲ "

နိုးနိုးသည်အဝတ်အစားလှဲပြီးမီးဖိုခန်းဖက်သို့ဝင်လာရင်းနဲ့ပြောလေသည်။

" သံစဥ်ရော "

" အဝတ်လှဲနေတုန်းပါ တီလေး သူဘယ်မှမပျောက်ပါဘူး တကယ်ပါပဲ ပိုကိုပိုတယ် "

" လာပါပြီရှင့် ချယ် "

မြန်မာရင်ဖုံးအသားရောင်လေးနဲ့ပါတိတ်လေးဝတ်ဆင်ကာဆံပင်ကိုလည်းဒေါ်မိုးနွယ်ပေးထားတဲ့ခေါင်းစည်းလေးနဲ့တဝက်ချည်ထားလျက်သနပ်ခါးလေးကိုအကွက်သေးသေးလေးနဲ့ပါးပါးလေးလိမ်းချယ်ထားသေးသည်။နှုတ်ခမ်းကိုလည်းပန်းရောင်လေးကိုဆိုးထားသည်။

" တီလေး "

တူမဖြစ်သူခေါ်မှပဲသံစဥ်ကိုပြုံးပြီးငေးနေရာမှသတိပြန်ကပ်လာပြီးမျက်နှာကြီးတွေပူနွေးလာပြီးနီရဲလာတော့သည်။

My Last Forever 🥀( Completed )Where stories live. Discover now