Part - 4

271 24 0
                                    

အိပ်ရာကုတင်ပေါ်ကိုယ်ကိုပစ်လှဲချလိုက်ပြီးသက်ပြင်းတချချနဲ့ဒီတစ်ညတာကိုလည်းအတွေးပေါင်းများစွာနဲ့အိပ်ယာဝင်ခဲ့ရပြန်သည်။

နောက်တမနက်ရောက်လာတော့လန်းဆန်းမှုပေါင်းများစွာနဲ့နှိုးထခဲ့ပြီးမီးဖိုဆောင်ထဲမှာကျောင်းနေ့လယ်စာအတွက်ပြင်ဆင်နေတဲ့အဒေါ်ဖြစ်သူကိုနိုးနိုးကတွေ့ပြီး

" တီလေး နေကောင်းရဲ့လား "

" နေကောင်းလို့ဟင်းချက်နေတာလေ
မတွေ့ဘူးလား "

" ထူးထူးဆန်းဆန်း "

" မနက်စာကမကြီးပြင်ပေးထားတယ် တိတ်တိတ်လေးသွားထိုင်စားနေ "

အဒေါ်ဖြစ်သူကိုနားမလည်နိုင်စွာနဲ့ကြည့်ပြီးခေါင်းကုတ်ကာမနက်စာထိုင်စားနေလိုက်သည်။

" အော် သံစဥ်ကအစပ်စားလား "

" ဟမျ သံစဥျ "

" အင်း "

" သံစဥ်အတွက်ပါ လုပ်နေတာလား တီလေး "

" အေလေ "

" စား စားပါတယ် "

" ပြီးရော "

ထမင်းထုပ်တွေပြင်ဆင်ပြီးကျောင်းကိုသွားခဲ့ကြသည်။

" နိုးနိုး "

" သံစဥ် ဒီနေ့အစောကြီးရောက်နေတာလား "

" အင်း မေမေကအလုပ် meeting အစောကြီးရှိတာနဲ့ငါ့ကိုဝင်ပို့သွားတယ် "

" သံစဥ် ဒီနေ့ရွှင်လန်းနေတာပဲ "

" အင်း မနေ့အိမ်ပြန်ရောက်ကတည်းကဒီနေ့မနက်ထိအအော်မခံရသေးဘူး ပြီးတော့ဒီနေ့မနက်မေမေကိုယ်တိုင်ငါ့အတွက်မနက်စာပြင်ပေးတာ "

" အန်တီကထူးဆန်းနေပါလား "

" အင်း ငါလည်းထူးဆန်းနေတယ်လို့ခံစားရတယ် အဲ့လိုကြီးကျတော့လည်းမနေတတ်တော့ဘူး "

" ဒါပေမယ့်ပိုကောင်းတာမဟုတ်လား "

" ပိုကောင်းတယ်ဆိုပေမယ့်လည်း ဘယ်ချိန်ငါ့ကိုထအော်ပြီးရိုက်ဦးမလဲမသိနိုင်ဘူး "

" အော် ဒီနေ့ငါ့အဒေါ်ကနင့်အတွက်ပါဟင်းတွေပြင်ဆင်ပေးလာတယ် "

My Last Forever 🥀( Completed )Where stories live. Discover now