Part - 7

257 23 0
                                    

" သံစဥ်တို့ပါလား လာ လာ လာထိုင်ပါ "

နိုးနိုးရဲ့မိခင်ဖြစ်သူကထပြီးကြိုဆိုလိုက်သည်။

" နိုးနိုး ဖျော်ရည်သွားယူခဲ့ သွား "

" ဟုတ်ကဲ့ မေမေ "

နိုးနိုးမီးဖိုဆောင်ထဲဝင်ကာဖျော်ရည်ခွက်နှစ်ခွက်ယူပြီးပြန်ထွက်ခဲ့သည်။

" ဖျော်ရည်အေးအေးလေးသောက်လိုက်ပါဦးအန်တီနဲ့သံစဥ် "

" ကျေးဇူးပါသမီး "

" ဟုတ် "

" အော် မိတ်ဆက်ပေးရဦးမယ် "

နိုးနိုးရဲ့အမေဖြစ်သူကဒေါ်မိုးနွယ်ဘေးမှာထိုင်နေတဲ့အမျိုးသားကိုကြည့်ရင်းနဲ့ပြောလေသည်။

" ဒါမိုးရဲ့တပည့်မလေးသံစဥ်နဲ့အမေကြူသင်းတဲ့ ကြူသင်းဒီဖက်ကကိုမောင်ရွှေတဲ့ ညီမလေးမိုးရဲ့မိတ်ဆွေ "

" ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် "

" ကျွန်တော်လည်းအတူတူပါဗျာ "

" သမီးလေး သံစဥ် "

မျက်နှာကပြုံးနေခဲ့ပေမယ့်သံစဥ့်မျက်လုံးတွေကဝမ်းနဲနေတယ်ဆိုတာကိုဒေါ်မိုးနွယ်သတိထားကြည့်မိလေသည်။

" ရှင် တီချယ် "

" မတွေ့တာကြာတော့မျက်နှာပိုပြည့်လာတာပဲ "

" ဟုတ် "

ထိုလူကြီးနဲ့အတူရှိနေတာသံစဥ်မနှစ်မြို့မှန်းကိုလည်းသူမသိသည်။

" နိုး ငါတို့အပေါ်တက်ရအောင်လား လူကြီးတွေစကားပြောကြပါစေ "

" အော် အင်း တက်မယ်လေ "

" သမီးတို့ကိုခွင့်ပြုပါဦးရှင့် "

ဒေါ်မိုးနွယ်သည်သံစဥ်နောက်လိုက်ထသွားချင်တဲ့စိတ်တွေပြင်းပြနေခဲ့တော့သည်။သို့သော်လွယ်လင့်တကူမရှိတဲ့အခြေအနေမှာမို့ခြေကုတ်ပြီးသာနေခဲ့ရတော့သည်။

" နိုးနိုး ကြည့်ရတာအဲ့လူကြီးကတီချယ့်ကိုတော်တော်ချစ်မယ့်ပုံပဲ "

" အင်း ဟုတ်လောက်တယ် နင်ဒီအကြောင်းကိုဘယ်ချိန်စသိခဲ့တာလဲ ငါကတော့မနေ့ညကမှစသိတာ "

My Last Forever 🥀( Completed )Where stories live. Discover now