Part - 2

340 27 2
                                    

" ကျေးဇူးပါကွယ် သူငယ်ချင်းရယ် "

" အော် ဒါနဲ့နောက်အပတ်ကျရင် ငါတို့အိမ်မှာဆွမ်းကပ်မလို့လေ နင်လာခဲ့ပါလား "

" ငါသိပ်လာချင်တာပေါ့ ဒါပေမယ့်ငါ့အမေက နင်သိတဲ့အတိုင်းပါပဲ "

" ငါပြောပေးမယ် ငါ့တာဝန်ထား "

" တကယ်ကြီးလား "

" အင်း တကယ် တကယ် "

အတန်းပြီးသွားကြတော့နိုးနိုးနဲ့သံစဥ်တို့အတူပြုံးပျော်စွာစကားပြောပြီးထွက်ခဲ့ကြသည်။ကျောင်းပြင်ရောက်တော့အမေဖြစ်သူမျက်နှာကိုမြင်ပြီးတပြိုင်နက်သံစဥ်တစ်ယောက်မျက်နှာညိုးနွမ်းသွားတော့သည်။

" အန်တီ ဟိုလေ နောက်တစ်ပတ်ကျရင် သံစဥ်ကိုခေါ်ပြီးအိမ်မှာစာအတူတူလုပ်ဖို့ရှိတယ် ဟို သမီးတီလေး ( နောက်သို့တစ်ချက်ကြည့်ပြီး )တီလေး "

ဒေါ်မိုးနွယ်ကိုအနားသို့ခေါ်လိုက်သည်။

" အန်တီသမီးရဲ့တီလေးပါ သမီးတို့အတန်းမှာ Math တီချယ်ပါ အဲ့ဒါနောက်တစ်ပတ်ကျရင် သံစဥ်ကိုအိမ်ခေါ်ပြီး တီလေးနဲ့အတူတူစာတွေပြန်လုပ်ချင်လို့ပါ အန်တီရပါတယ်နော် "

" အော် သိပ်ရတာပေါ့ သမီးရဲ့ တီချယ်ကျွန်မက
သံစဥ်ရဲ့အမေပါရှင့် သမီးလေးကိုအပ်ပါတယ်နော် "

ဒေါ်မိုးနွယ်ရှေ့မှာအဖြစ်သည်းပြနေတဲ့အမေဖြစ်သူကိုသံစဥ်ကြည့်ပြီးမျက်နှာပျက်ခဲ့ရသည်။

" အော် ဟုတ် ဟုတ်ကဲ့ပါ "

နိုးနိုးရဲ့စကားတွေကိုနားလည်မနေတော့အူကြောင်ကြောင်နှင့်သာအလိုက်အထိုက်ပြုံးပြီးနေနေသည်။

" နိုးနိုး ပြန်တော့မယ်နော် တီချယ်
ခွင့်ပြုပါရှင့် "

" အင်းပါကွယ် "

" နိုးနိုး ဒီကလေးမ သူများအမေကိုဘာတွေဗြောင်လိမ်နေတာလဲ "

" သူများမဟုတ်ပါဘူးနော် တီလေး အဲ့ဒါနိုးရဲ့သူငယ်ချင်းအရင်းကြီးပါနော် သူများလို့မပြောပါနဲ့ သံစဥ်ကနိုးကလွှဲရင်မိသားစုဆိုတာရှိတာမဟုတ်ဘူး "

" အမယ်လေ ဟုတ်ပါပြီ ကဲ တီလေးကိုတော့ကျိုးကြောင်းလေးရှင်းပြဦးလေ "

My Last Forever 🥀( Completed )Where stories live. Discover now