Part - 8

238 23 0
                                    

စားပြီးသောက်ပြီးချိန်မှာတော့အချိန်ကဖြင့်ညမိုးမှောင်နေပြီ။

" ညီမတို့ကိုခွင့်ပြုပါဦးနော် မကြီး "

" ဟုတ်ပါပြီ နောက်ကျရင်လည်းဒီလိုပဲဆက်ဆက်လာခဲ့ပါနော် ကြူ "

" ဟုတ်ကဲ့ပါ မကြီးဆက်ဆက်လာခဲ့ပါ့မယ် "

" သံစဥ် သမီးတီချယ့်ကိုသွားနှုတ်ဆက်လိုက်ဦးလေ "

" တီချယ် သမီးပြန်တော့မယ်နော် "

" ဟုတ်ကဲ့ပါရှင် မနက်ဖြန်မှပြန်တွေ့ကြမယ်ဂါဝန်လှလှလေးဝတ်နော် မနက်ဖြန်ကျရင် "

" ဟုတ် ချယ် "

" ချယ် သမီးကိုသေချာပေါက်စောင့်နေမယ် "

ဒေါ်မိုးနွယ်စကားကြောင့်သံစဥ်အနဲငယ်ကြောင်တောင်တောင်ဖြစ်သွားသည်။သူမကလာကြိုမယ့်သူဖြစ်ပြီးမှဘာလို့စောင့်မယ်ဆိုတဲ့စကားကိုပြောရတာလဲ။

" အမ် ဟုတ် ဟုတ်ကဲ့ပါ ချယ် "

" ခွင့်ပြုပါဦး တီချယ် "

" ဟုတ်ကဲ့ပါရှင့် ကားဂရုစိုက်မောင်းပါမကြီး "

" ဟုတ်ကဲ့ပါ တီချယ် "

ဒေါ်ကြူသင်းနဲ့သံစဥ်တို့ကားပေါ်တက်ခါနီးတော့နိုးနိုးကဒေါ်ကြူသင်းဆီပြေးလာခဲ့သည်။

" အန်တီ ကားဂရုစိုက်မောင်းပါနော် "

" ဟုတ်ကဲ့ပါရှင် ကလေးရယ် "

" အန်တီ့ကိုပြန်ခါနီးလေးတခါလောက်ဖက်လို့ရမလား အကြာကြီးလွမ်းနေခဲ့တာ "

" နိုး သံစဥ်ရှိနေတယ်လေ "

ဒေါ်ကြူသင်းကနိုးနိုးနားကပ်ကာတိုးတိုးလေးပြောလေသည်။

" ဖက်ပေးလိုက်ပါမေမေရဲ့ ဒီညအိပ်မပျော်ပဲမေမေ့ကိုဖုန်းနဲ့တညလုံးရစ်နေလိမ့်မယ် "

" သံ သံစဥ် သမီး "

" သိပြီးသားမို့ အေးဆေးပါ "

" အန်တီ ဖက်မယ်နော် "

နိုးနိုးသည်ပြောပြောဆိုဆိုနဲ့ဒေါ်ကြူသင်းရဲ့ရင်ခွင်ထဲကိုခေါင်းတိုးဝင်ကာတင်းကြပ်စွာဖက်ထားလေသည်။ဒေါ်ကြူသင်းကအရပ်မြင့်တာမလို့နိုးနိုးကဒေါ်ကြူသင်းနဲ့ရင်ခွင်မှီအရပ်လေးသာဖြစ်သည်။

My Last Forever 🥀( Completed )Where stories live. Discover now