Part - 21

196 20 0
                                    

" Happy Birthday to you)2X "

" အာ လန့်သွားတာပဲ အဲ့ကြောင့်မို့ဒီနေ့ချယ်ကျောင်းကိုလာမကြိုတာကို "

" Happy 18th bd ပါကွယ်ကလေးလေး "

" တကယ်ပါပဲ နိုးနိုး နင်လည်းငါ့ကိုနဲနဲမှမပြောပြဘူး "

" ဟိုမှာလေ တီလေးကလုံးဝ sp ဖြစ်စေချင်လို့လုံးဝပေးမသိစေနဲ့နော်ဆိုလို့လေ "

" ကဲပါ ဆုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်ပါတော့ "

သံစဥ်လည်းလက်အုပ်ချီမျက်လုံးမှိတ်ပြီး...

" နောင်သံသရာဆိုသာတကယ်ရှိခဲ့ရင်မိုးနွယ်ဆိုသောဒီအမျိုးသမီးနဲ့ပဲဘဝဆက်တိုင်းဆက်တိုင်းကြုံဆုံရပြီးပေါင်းဖက်ရပါစေဒီသံသရာမှာတော့ဒီဘဝဒီမျှပဲပြီးပါစေတော့သံစဥ်သိပ်ချစ်မြတ်နိုးသောအမျိုးသမီးလေးပျော်ရွှင်တဲ့ရပ်ဝန်းလေးထဲရောက်ရှိပြီးအမြဲကျန်းမာနုပျိုနေပါစေ ချစ်တယ် တီချယ် တီချယ့်ကိုသမီးရဲ့နှလုံးသားတနေရာမှာမညိုးတတ်သောပန်းလေးတစ်ပွင့်အဖြစ်နောက်ဆုံးနဲ့ထာဝရအတွက်ပျိုးခဲ့ပြီးပါပြီ "

စိတ်ထဲကနေတိုးတိတ်စွာရေရွတ်တောင်းဆုပြုလေသည်။

" အဲ့လောက်အကြာကြီးဘာတွေဆုတောင်းတာလဲ ပြောပြပါဦးတီချယ့်ကို "

" ဆုတောင်းဆိုတာပြောပြရင်မပြည့်တတ်ဘူးတဲ့ "

" ဟုတ်ပါပြီ ဟုတ်ပါပြီ ကိတ်ခွဲတော့ "

Cake ကိုစားပွဲပေါ်တင်လိုက်ကာ ကိတ်ခွဲတဲ့ဓားကိုသံစဥ်အားပေးလိုက်သည်။သံစဥ်လည်း cake ကိုအပေါ်ကနေစကာလှီးပြီးနဲနဲနက်သွားတဲ့မာမာနဲ့ဆက်ခွဲ၍မရတော့ပေ။

" ချယ် တစ်ခုခုထည့်ထားတာလားဟင် "

" အွန်း ဘေးပတ်လည်ခွဲလိုက် "

" ဘာရီးထည့်ထားတာလဲ "

" မြန်မြန်ခွဲကြည့်ပေါ့ သိချင်ရင် "

သံစဥ်လည်းဘေးပတ်လည်ကိုအကုန်လှီးချပြီးသွားတော့ပလတ်စတစ်ဗူးလေး...

" ဖုန်း ဖုန်းလား ချယ် "

" ကြည့်ကြည့်လေ "

ဗူးလေးကိုထုတ်လိုက်ကာဘယ်ညာပြန်ကြည့်ပြီး...

My Last Forever 🥀( Completed )Where stories live. Discover now