Part - 9

244 28 4
                                    

Next day...

" မေမေ သမီးဘယ်ဟာလေးဝတ်ရင်ကောင်းမလဲ "

အဝတ်ဗီဒိုထဲကအညိုရောင်ဂါဝန်တစ်ထည်နဲ့အဖြူရောင်ဂါဝန်တစ်ထည်ကိုထုတ်လာပြီးအမေဖြစ်သူအားမေးနေသည်။

" သမီးအညိုရောင်လေးက fav မလား အညိုလေးပဲဝတ်လိုက်လေ "

" ဟုတ် မေမေ "

" ရင်ခုန်နေတယ်ပေါ့ "

" အာ မေမေကလည်းဘာတွေပြောနေတာလဲမသိပါဘူး "

" တီး တီး "

အိမ်ရှေ့မှကားဟွန်းသံလေးကြားရသည်။

" သမီးတီချယ်တို့ရောက်လာပြီနဲ့တူတယ်မြန်မြန်အဝတ်လှဲချည်မေမေအောက်ဆင်းပြီးသွားကြိုလိုက်ဦးမယ် "

" ဟုတ်ကဲ့ မေမေ "

" တီချယ်တို့ရောက်လာပြီလား လာထိုင်ပါဦးမနေ့ညအိပ်တာနောက်ကျတာနဲ့ဒီနေ့နောက်ကျမှနှိုးကြတာ သမီးလေးအဝတ်လှဲနေပါတယ်တီချယ် "

" ရပါတယ် မကြီးအေးဆေးပေါ့ "

ဒေါ်မိုးနွယ်သည်သံစဥ်တို့အိမ်ထဲပထမဆုံးဝင်ဖူးခြင်းဖြစ်သည်။အိမ်ထဲမှာအမေဖြစ်သူနဲ့သံစဥ်ပုံကလွှဲရင်အဖေဆိုသူပုံကိုမတွေ့ရချေ။

" မတုတ်ရေ ကော်ဖီလေးဖျော်ပေးပါဦး တစ်ခွက်ကသကြားမထည့်ဘူးနော် "

ကော်ဖီသောက်ရင်သကြားထည့်တာလုံးဝမကြိုက်တဲ့သူနိုးနိုးပင်ဖြစ်သည်။

" အန်တီ မှတ်မိနေတာပဲ "

" မှတ်မိပါ့ မှတ်ထားလို့လေ "

" တီချယ် "

ဒူးကျော်တဲ့ဂါဝန်အညိုလေးကိုဝတ်ထားကာသူတို့ထိုင်နေတဲ့အိမ်ခန်းဆီသို့တီချယ်လို့ခေါ်ပြီးဒေါ်မိုးနွယ်ဆီသို့အပြေးလေးတပိုင်းလာခဲ့သည်။

" စောင့်နေရလို့တောင်းပန်ပါတယ် ချယ် "

" ရပါတယ် သမီးကိုဆိုတီချယ်ကအမြဲစောင့်နေမှာမို့ "

ပြောပြန်ပြီဒီစကားကိုသံစဥ်တကယ်ပဲနားမလည်ပါဒေါ်မိုးနွယ်ရဲ့စောင့်မယ်ဆိုတဲ့စကားကိုသူမတကယ်ပင်မတွေးတတ်တော့ပါ။

" အဲ့ဆိုသွားကြမယ်လေ "

" ဟုတ် တီချယ် "

" အား ဗိုက်တော်တော်နာလာတာပဲ ကြည့်ရတာအစာအိမ်နာတာနဲ့တူတယ် နိုးနိုးမလိုက်နိုင်တော့ဘူးထင်တယ် တီလေး အား နှစ်ယောက်တည်းသွားလို့အဆင်ပြေတယ်မဟုတ်လား နိုးဒီမှာပဲစောင့်နေလိုက်မယ်လေနော် "

My Last Forever 🥀( Completed )Donde viven las historias. Descúbrelo ahora