Part - 19

188 20 0
                                    

" ကလေးတွေ ရောက်ပြီ "

ကားဘာကင်ထိုးကာနိုးနိုးနဲ့သံစဥ်အားနှိုးလိုက်သည်။ထိုအချိန်ဒေါ်မိုးနွယ်တို့ကိုအဆင်သင့်လာရပ်စောင့်နေတဲ့မိန်းကလေးတစ်ဦးကအပြေးလေးလာကာခရီးဦးကြိုလိုက်သည်။

" တီချယ် ရောက်လာပြီလားရှင့် "

" ရောက်ပါပြီ အဲ့မှာအထုပ်လေးတွေကူသယ်ရအောင် "

" ဟုတ် တီချယ် "

ပစ္စည်းတွေသယ်ကာကွန်ဒိုသို့တက်ခဲ့ကြသည်။

" တီချယ်တို့အမောပြေသောက်ဖို့ဖျော်ရည်လေးလုပ်ပေးထားပါတယ်ရှင့် သုံးဆောင်ပါဦး "

" ကျေးဇူးပါရှင် အော် ဒါနဲ့မိတ်ဆက်ပေးရဦးမှာဒါအေးအေးတဲ့ချယ်မရှိရင်ချယ့်ကွန်ဒိုကိုကြည့်ပေးထားတာ အေးအေး ဒါကတီချယ့်တူမလေးနိုးနိုးတဲ့ ဟိုဖက်က ကလေးမလေးကသံစဥ်တဲ့ "

" ဟုတ်ကဲ့ပါရှင့် "

" သမီးတို့လိုတာရှိရင်အေးအေးကိုပြောလို့ရတယ်နော် "

" ဟုတ်ကဲ့ပါရှင့် ချယ် "

" တီချယ်အရင်ရေချိုးနှင့်တော့မယ်နော် အိမ်ထဲလိုက်ပတ်ကြည့်နှင့်ဦး "

" ဟုတ် "

" သံစဥ် "

" ဘာလဲ "

" နင့်ဖုန်းခနပေးဦး ဖုန်းတစ်ကောလောက်ဆက်ချင်လို့ "

" နင့်ဖုန်းနဲ့ဆက်လေ "

" ငါ့မှာဘေလ်ကုန်သွားလို့ ပေးစမ်းပါ "

" တကယ်ပဲ နင်ဘယ်သူ့ဆီဆက်မို့လဲ "

" ပေးမှာသာပေးစမ်းပါ "

သံစဥ့်လက်ထဲကဖုန်းကိုနိုးနိုးကဆွဲယူလိုက်သည်။

" ဟယ်လို "

" ဟယ်လို အန်တီ နိုးတို့ရောက်ပြီနော်အန်တီနော်အန်တီနော် "

" ဟုတ်ကဲ့ပါရှင် ခရီးပန်းနေရောပေါ့ နားလိုက်ပါဦး "

" အန်တီ့အသံကြားပြီးခရီးပန်းတာတွေအကုန်ပျောက်ပါပြီအန်တီရဲ့ "

" အမယ်လေ အပိုတွေ ငါ့ကိုပေး "

သံစဥ်သည်နိုးနိုးလက်ထဲကဖုန်းကိုလုယူလိုက်သည်။

My Last Forever 🥀( Completed )Where stories live. Discover now