Part - 12

236 25 4
                                    

" ဒီညဟင်းချက်လို့ပြီးကြဦးမှာလား တီလေးနဲ့သံစဥ် "

" ပြီးပါပြီတော် ဒေါ်နိုးနိုးရေ "

ထိုတစ်ညစာမှာတော့အဆိုးထဲမှရယ်မောပျော်ရွှင်ခြင်းတွေကြည်နူးခြင်းတွေနဲ့ပြည့်နေခဲ့တော့သည်။

" အတော်လေးတောင်နောက်ကျသွားပြီ မကြီးကျွန်မတို့ကိုပြန်ခွင့်ပြုပါဦးနော် "

" ဟုတ်ကဲ့ပါ တီချယ် ကားဂရုစိုက်မောင်းပါဦးနော် "

" သမီး သံစဥ် တီချယ်ပြန်တော့မယ်နော် "

" ဟုတ်ကဲ့ပါ ချယ် "

" အော် မနက်ဖြန်ခရီးမထွက်ဖြစ်တော့တာမို့အေးဆေးအိပ်နော် "

" ဟုတ်ကဲ့ပါ ချယ် "

" အန်တီ နိုးပြန်တော့မယ်နော် "

နိုးနိုးသည်ကားပေါ်တက်ခါနီးဒေါ်ကြူသင်းပွေ့ဖက်နှုတ်ဆက်လိုက်သည်။

" ပိုတာ ပိုတာ "

သံစဥ်လေးကမျက်စောင်းလေးထိုးလျက်ပြောလေသည်။

" အန်တီတို့အိမ်ထဲပြန်ဝင်တော့လေနော် "

" ဟုတ်ပါပြီ "

ဒေါ်မိုးနွယ်နဲ့နိုးနိုးတို့လည်းကားမောင်းထွက်သွားခဲ့ပြီးသံစဥ်တို့သားအမိလည်းအိမ်ထဲပြန်ဝင်သွားကြသည်။

" မေမေ "

" ပြောပါရှင် "

" အာ ဘာမှမဟုတ်တော့ပါဘူး ဒီတိုင်းခေါ်ချင်လို့ပါ "

" ဒီကလေးမ တစ်ခုခုပြောချင်နေတာမလားမေမေ့ကိုပြောဘာဖြစ်တာလဲ "

" မေမေ သမီးက တီချယ်နဲ့ဟိုလူကြီးကြားမှာကန့်လန့်ကြီးဖြစ်နေလားလို့ ပြီးတော့တီချယ့်ကိုဟိုလူကြီးကအရင်တွေ့ခဲ့တာလေ "

" ဘာမှမဆိုင်တာကိုသမီးရဲ့ အရင်ရောက်တဲ့လူဖြစ်ဖြစ်နောက်မှရောက်တဲ့လူပဲဖြစ်ဖြစ်သမီးတီချယ်ရဲ့စိတ်ပေါ်မှာပဲမူတည်တာလေသူဘယ်သူ့ကိုချစ်သလဲဆိုတဲ့စိတ် "

" သမီးမသိတော့ပါဘူး မေမေ "

ဆိုပြီးသက်ပြင်းကြီးချကာအခန်းထဲသို့ဝင်သွားလေသည်။

" နိုး "

" ဟုတ် တီလေး "

" သံစဥ််တစ်စုံတစ်ယောက်ရှိနေလား "

My Last Forever 🥀( Completed )Where stories live. Discover now