အပိုင်း ၁

601 32 0
                                    

*ဝလုံးလေး ထန်းရည်ဆိုင်*

"ဝလုံးရေ နှစ်မြူအရင်ချဟေ့..အမြည်းပါတစ်ခါတည်းနော်..."

"ရစေရမယ်ဗျာ...သုံးမိနစ်ပဲစောင့်.."

"ဝလုံးရေ သင်္ဘောသီးထောင်းလေးလုပ်ပါအုံးဟဲ့.."

"ဟော အမမြနှင်း ပုံမှန်ပဲမလား..."

"စပ်စပ်လေးနော်ဝလုံး.."

"ဟုတ် ဟုတ်"

ခြံဝန်းကျယ်ကျယ် မြက်ခင်းပြင်စိမ်းစိမ်းထက်တွင် အစီအရီနေရာချထားသော အညိုရောင်သစ်သားခုံပုလေးများ..

ဝါးတွေနဲ့ကာရံထားတဲ့ ခြံစည်းရိုးပုပုကို အဖြူရောင်ဆေးသုတ်ထားပြီး အသဲပုံဝင်ပေါက်လေးက ချစ်စရာ...

စိမ်းစိမ်းစိုစိုနဲ့ချစ်စရာခြံဝန်းငယ်လေးက အရိပ်ရတဲ့အပင်တွေလည်းရှိတာကြောင့် အချိန်တိုင်းဧည့်သည်ပြတ်တယ်လို့မရှိ...

အပင်စိုက်တာဝါသနာပါသူမို့ ပန်းပင်တွေကလည်းအစုံအလင်..ကြည့်လိုက်ရုံနဲ့အေးချမ်းတဲ့နေရာလေးက ချိတ်ထားတဲ့ဆိုင်းပုတ်နဲ့လားလားမျှမဆိုင်။

ဝလုံးတို့ဆိုင်က အရက်ဆိုင်ဆိုပေမဲ့ အသုပ်အထောင်းအကုန်ရတယ်..ရဆို ဝလုံးကမြို့ပေါ်ကစားသောက်ဆိုင်မှာအလုပ်လုပ်ဖူးတာကိုး...

ဝလုံးတို့ရွာကတောကျတယ်ပြောရမလား..တခြားရွာတွေထက်ပိုခေါင်တယ်.. ရွာကကလေးတွေ အဘဘုန်းဘုန်းဖွင့်ပေးတဲ့ စာသင်ကျောင်းလေးမှာ သုံးလေးတန်းအောင်ပြီဆို သေစာရှင်စာဖတ်တတ်ပြီဆိုပီး ကျောင်းထွက်တောအလုပ်လုပ်ပဲ...

ဝလုံးတို့ကဆင်းရဲပေမဲ့လည်း တစ်ဦးတည်းသောသားလေးမို့ အဘနဲ့အမေက ဝလုံးကိုဆယ်တန်းအောင်တဲ့ထိ အရက်ဆိုင်လေးဖွင့်ပြီးကျောင်းထားပေးတယ်..

ဆယ်တန်းအောင်တော့ မြို့မှာတက္ကသိုလ်သွားတက်ဖို့ရှိစုမဲ့စုလေးတေ‌ွရောင်းချပြီး ပေးရှာတယ်..ကျောင်းတက်ရင်း စားသောက်ဆိုင်တစ်ခုမှာစားပွဲထိုးအလုပ်ဝင်လုပ်တယ်..

အဲ့ဒီမှာပဲ ဝလုံးရဲ့ရွှေတောင်ကြီးပြိုတယ်...

ပထမနှစ်မပြီးခင်မှာပဲ အဘကထန်းပင်တက်ရင်း အပင်ပေါ်ကပြုတ်ကျလို့ဆိုတဲ့သတင်းကြားကြားချင်း ရွာအပြေးလေးပြန်ခဲ့ပေမဲ့ အဘအသက်ကိုမမှီခဲ့ပါဘူး...

"ဝလုံးလေး"Where stories live. Discover now