အပိုင်း ၂

341 24 0
                                    

"ဟဲ့ ဝလုံး နင်ဟိုဟာကြားပြီးပြီလား.."

"ဘယ်ဟာတုန်းအမအိမ်သူ.."

ရွာထဲကိုအမေဝယ်ခိုင်းတဲ့ ဟင်းချိုမှုန့်သွားဝယ်တုန်း အပျိုကြီးမအိမ်သူက သူ့ကိုလက်တို့တယ်...

"အမလေး..နင်မသိသေးဘူးပဲ.."

"ဘာများတုန်း အမရဲ့.."

အပျိုကြီးကစပ်စပ်စုစုရယ်...ရွာထဲမှာ ဘယ်သူကဘာဖြစ်နေတာ ဘယ်အိမ်ကဘယ်လိုဆိုတာ သူမသိတာမရှိ..

သူသိတာဆို တစ်ရွာလုံးလည်းသိ..ဒါ့ကြောင့်သူ့ကို မောင်း လို့ ရွာကလူကြီးတွေကနာမည်ပေးထားကြတာ..

"ဟဲ့ တို့ရွာကို မြို့ကကျောင်းဆရာတစ်ယောက် ရောက်လာဖို့ရှိတယ်တဲ့.."

"‌ဪ~~"

"ဟဲ့ ဪမနေနဲ့...ဒီတစ်ခါကယောကျာ်းလေးတဲ့.."

"ကောင်းတာပေါ့ဗျ...ယောကျာ်းလေးဆိုတော့ ကလေးတွေအတွက် အသစ်အဆန်းဖြစ်တာပေါ့.."

"ဟဲ့ဝလုံးရယ်..ငါတော့မထင်ပေါင်.. ဒီတစ်ယောက်လည်းအရင်ဆရာမတွေလို တို့ရွာမှာနေနိုင်လောက်မယ်မထင်ပါဘူးဟယ်.."

မအိမ်သူပြောလည်းပြောချင်စရာ...ရွာကကလေးတွေက ကျောင်းသိပ်မတက်ဘဲ လယ်ကွင်းထဲပုစွန်လုံးနှိုက်တဲ့သူနဲ့ တောထဲမျှစ်ချိုးလိုက်တဲ့သူနဲ့...

အရင်လာတဲ့ဆရာမတိုင်းလက်လန်ရတဲ့ကျောင်းသားတွေပေါ့လေ...
ဆိုးတာမဟုတ်ကြပေမဲ့ ကျောင်းပျင်းကြတာ...

ပြီး‌တော့ရွာကလည်း လျှပ်စစ်မီးကမရဘူးမို့လား... ရမယ် ရမယ်နဲ့ခုချိန်ထိမီးမရသေး... ဖုန်းလိုင်းကလည်းမမိတမိ......

ဝလုံးတို့ရွာကလူတွေတောင် ဖုန်းကိုင်တဲ့လူက ခပ်ရှားရှား...ဝလုံးတို့လိုလူငယ်တွေလောက်သာ သုံးကြတာရယ်...

သူကြီးက ဝလုံးကိုစာပြခိုင်းပေမဲ့ ဆိုင်ကတစ်ဖက်နဲ့မို့ ဝလုံးလည်းမနိုင်...ပြီးတော့ အဘအမွေဆိုလို့ ဒီဆိုင်လေးပဲရှိတော့တာ..

"ကဲ ကဲ ငါလည်းရွာထဲလိုက်ပြောလိုက်အုံးမယ်.."

"ဟုတ် ဟုတ်.."

ဝလုံးသာ စာပြလိုက်ရင် အဘဆိုင်လေးကပိတ်ရတော့မှာ... ဝလုံးမှာ အမေနဲ့ဒီဆိုင်လေးပဲရှိတော့တာ... ပိတ်လည်းမပစ်ရက်ဘူး...

ဘာပဲဖြစ်ဖြစ်ဆရာတစ်ယောက် ထပ်ရောက်မယ်ဆိုတော့ နဂိုရှိပြီးသား မြတ်ဘုန်းတော့ ပျော်နေတော့မှာ...

မြတ်ဘုန်းက ဝလုံးနဲ့သူငယ်ချင်းတစ်ရွာတည်းသား... ဝလုံးတို့သူငယ်ချင်းတွေထဲမှာ သူကနည်းနည်းပိုက်ဆံရှိတော့ တက္ကသိုလ်လည်းတက်ရပြီး ကျောင်းပြီးတော့ ရွာမှာကျောင်းဆရာပြန်လုပ်တာ...

ဒီကောင်တော့ တော်တော်ပျော်နေတော့မှာပဲ...

"ဝလုံးရေ.!ဆရာလေးက နောက်အပတ်ထဲရောက်မယ်တဲ့!!.."

"ဟုတ်ကဲ့!!!!!"

နောက်ကနေလှမ်းအော်လိုက်တဲ့အသံကြောင့် သူ့နည်းတူပြန်အော်လိုက်တဲ့ ဝလုံးအသံကို ကြားတဲ့သူတွေကရယ်တယ်...

ဝလုံးလည်းသွားလေးဖြီးလို့ ခပ်သုတ်သုတ်လမ်းလျှောက်ရတယ်...

အမေဝယ်ခိုင်းလိုက်တဲ့ ဟင်းချိုမှုန့်မဝယ်ရသေးဘူးလေ~~။

******************

ဝလုံးလေးတို့update ကို StoryGlory website မှာလည်း ဝင်ရောက်ဖတ်ရှုနိုင်ပါပီ~~

First >>>>> Browserမှ www.mmstoryglory.com ကိုရိုက်ရှာပေးပါ

Second >>>Gmail နဲ့ Register လုပ်ပီး accဖွင့်ပေးပါ~~

Third>>>>>Barမှာပေါ်နေတဲ့ ကိုယ့်acc ပရိုဖိုင်လေးကိုနှိပ်ပြီး **Point** ယူပေးပါ(များ"ယူထားလေ ပိုကောင်းလေပါဗျ)

Fourth>>>>Search မှာ ဝလုံးလေး ကိုရိုက်ရှာပြီး ဖတ်လို့ရပါပီ ~~

Websiteမှာတော့ အပိုင်းသစ်တွေတင်ထားပါတယ်ဗျ🌼💌

"ဝလုံးလေး"Where stories live. Discover now