အပိုင်း ၁၂

223 19 0
                                    

‌ဒီဇင်ဘာရဲ့ဆောင်းမနက်ခင်းတစ်ခု... သစ်ပင်ဝါးပင်တို့နှင့် တောရပ်တောရွာမို့ပေလားမသိ.. မန္တလေးကထက်ပင်ပိုလို့ချမ်းသေးသည်...

ဘာလိုလိုနဲ့ သူတို့ဒီရွာလေးကိုရောက်တာ ၂လကျော်ရှိလာပြီ...သူတို့လည်း ဒီရွာနဲ့ခပ်မြန်မြန်အသားကျနေပြီဖြစ်သည်..

ဘယ်လောက်အေးအေး ၅နာရီအိပ်ယာကနေထတတ်တဲ့ ငြိမ်ဦးက ဝါးအိမ်လေးရဲ့ ပြတင်းပေါက်တွေကိုဖွင့်လိုက်တော့ ဆောင်းလေကစိမ့်ကနဲဝင်တိုးသည်...

ဝတ်ထားတဲ့အနွေးထည်ထူထူကို ဆွဲကိုင်၍တစ်ချက်တွန့်သွားရသည်...လှေကားနှစ်ထစ်ကိုနင်းပြီးအိမ်အောက်ကိုဆင်းလိုက်သည်...ဒီရွာလေးရဲ့ထူးခြားချက်က တစ်ရွာလုံးနီးပါး ဝါးအိမ်ကလေးတွေကို ထန်းရွက်တစ်ထပ်အပေါ်ကသွပ်တစ်ထပ်မိုးကာ ဝါးလှေကားနှစ်ထစ်သုံးထစ်နှင့် ခပ်မြင့်မြင့်လေးဆောက်ထားကြသည်ပင်...

နှင်းမှုန်မှုန်တွေကြားက ဝိုးတဝါးမြင်နေရတဲ့ ရွာဦးစေတီကိုမှန်းကာ မျက်လုံးမှိတ်လက်အုပ်ချီလို့ ဝတ်ပြုလိုက်သည်...

ငယ်စဉ်ကတည်းက ဘာသာတရားရိုသေကိုင်းရှိုင်းတဲ့ အဖိုးအဖွားဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာရသူမို့ ငြိမ်ဦးကဘာသာရေးလိုက်စားသည်...

ဘုရားတရားက သူ့စိတ်ကိုတည်ငြိမ်အေးချမ်းစေသည်မလား...သူဘွဲ့ရကာစအချိန်အဖိုးနဲ့အဖွား မရှေ့မနှောင်းကွယ်လွန်သွားကတည်းက တစ်ချိန်တည်းမှာအမုန်းတွေ နာကျင်မှုတွေ ဝမ်းနည်းမှုတွေ သူ့အပေါ်စုပြုံကျလာခဲ့တာ သူ့မှာဘယ်လောက်တောင် တောင့်ခံခဲ့ရလဲ...

သူ့စိတ်ဓာတ်တွေ ဟိုးအောက်ဆုံးထိထိုးကျနေချိန်မှာ
တစ်ခုတည်းသောအလင်းတန်းက ဗုဒ္ဓမြတ်စွာဘုရားပဲ... နာကျင်မှုတွေ ခံပြင်းမှုတွေ တောင့်မခံနိုင်တော့တဲ့အဆုံး သူသာသနာ့ဘောင်ကိုဝင်ခဲ့သည်...

သူ့စိတ်တွေ တည်ငြိမ်သွားတဲ့အချိန် အရာအားလုံးကို လက်ခံလာနိုင်တဲ့အချိန်ကိုရောက်ဖို့ နှစ်နှစ်ကျော်အချိန်ယူလိုက်ရသည်...

နှစ်နှစ်ကျော် သုံးနှစ်နီးပါးဦးပဉ္ဇင်းဝတ်ပြီးတဲ့နောက် လူထွက်ကာ သူ့ဝါသနာနဲ့အိပ်မက်တစ်ထပ်တည်းကျတဲ့ ကျောင်းဆရာအလုပ်ကိုဆက်လုပ်ဖို့ပြင်ဆင်ရတော့သည်...

"ဝလုံးလေး"Where stories live. Discover now