အပိုင်း ၄

284 26 2
                                    

"ဟိတ်!!"

"ဟင် အွတ်!"

"ဟ!"

ဘုတ်..!!

အနောက်ကအသံဩဩကြောင့် လန့်ပြီးလှည့်အကြည့်မှာပင် ပြာလွင်လွင်ရှပ်အင်္ကျီဝတ်ထားတဲ့လူတစ်ယောက်နဲ့တိုက်မိတာအွတ်ခနဲ...

ဝင်တိုက်တာဝလုံးပေမဲ့ မြေကြီးပေါ်ဖင်ထိုင်ရက်ကျသွားတာလည်း ဝလုံးပါပင်...

"အ့ ငါ့ဖင်ညှောင့်ရိုးလေး~~"

"ဟာ ကိုကြီးဝလုံး ထ ထ!"

"ဖီ!!ဖတ် ဖတ် ဖတ်!"

သာကူစိနဲ့ဂျူမုံက သူ့ကိုပြာပြာသလဲထူရင်း ဂျူမုံက ထိုင်ကျထားတဲ့နေရာကို တံတွေးထွေးကာ ခြေဖနောင့်နှင့် သုံးခါခတ်နေသေးသည်..

"ကလေးအဆင်ပြေရဲ့လား~~နာသွားလား~~"

ရှတတအသံနဲ့အေးအေးလေးထွက်လာတဲ့စကားသံ..

မထူမပါးနှုတ်ခမ်းကထွက်လာတဲ့ တင်းမာသယောင်နဲ့နူးနူးညံ့ညံ့စကားသံက ကြားရသူတိုင်းထပ်ခါထပ်ခါကြားချင်မိသလိုမျိုး...

ကလေးတစ်ယောက်ကိုစိုးရိမ်နေသလိုမျိုး အကြည့်တွေကနွေးနွေးထွေးထွေး...ကလေး! နေပါအုံး ကလေးဆိုတာ ဘယ်သူ့ကိုပြောတာ!!

"ဝလုံးက ကလေးမဟုတ်ပါဘူးဗျ.. သိပ်တော့မနာပါဘူး ဒီလောက်ကအပျော့ပါဗျ.."

ပါးမို့မို့လေးပေါ်တဲ့အထိပြုံးရယ်ပြီးပြောလိုက်ပေမဲ့ မျက်ဝန်းနက်နက်တွေက သူ့တစ်ကိုယ်လုံးစုန်ချည်ဆန်ချည်ကြည့်နေပုံက တကယ်ကြီးစိတ်ပူနေဟန်...

"သွားတော့မယ်ဗျ.."

အ‌နေရခက်လာတာမို့ စကားစပြောလိုက်မှ မျက်လုံးနက်နက်တွေက ဝလုံးမျက်နှာဆီရောက်လာတော့သည်..

"တကယ်မနာတာသေချာရဲ့လား~~"

"ရော် တကယ်မနာပါဘူးဆိုဗျာ...ဒါမျိုးတွေကဖြစ်နေကျ.."

"ဟုတ်တယ်ဗျ..ကိုကြီးဝလုံးက မန်ကျည်းပင်ပေါ်ကခနတိုင်းပြုတ်ကျနေကျဗျ.."

သာကူစိကဝင်ပြောတော့ ဂျူမုံကပါ ခေါင်းညိတ်ထောက်ခံသည်...

"ငြိမ်ဦး ကလေးကဘာမှမဖြစ်ဘူးပြောတာပဲ..ရွာထဲရောက်လာပြီ ရှူးပေါက်ချင်လာပြီကွ.."

ဘေးကထွက်လာတဲ့စကားသံကြောင့် ကြည့်မိတော့ သူငယ်ချင်းဖြစ်ဟန်လူက အတော်လေးထိန်းချုပ်နေရပုံ... ဘီးလုံးပါတဲ့အဝတ်အိတ်ကြီးကြီးတွေပါ ပါလာတာကြောင့် ဧည့်သည်နဲ့တူပါသည်...

"အာ ဧည့်သည်တွေထင်တယ်...ရတယ်ဗျ ဝလုံးမနာတော့ဘူး...သွားစရာရှိတာသွားပါဗျ.."

"သွားတော့မယ် မရတော့ဘူး!!"

ဘီးလုံးအိတ်ကြီး တဂျီးဂျီးဆွဲကာ ကိုယ်လုံးကိုတွန့်လိမ်ရင်း ပြေးရုံတမယ်လမ်းလျှောက်သွားတဲ့ထိုလူကိုလိုက်ကြည့်ပြီး သုံးယောက်သားမတိုင်ပင်ပဲ ခွီးခနဲရီမိပြီးမှ ခုထိနေရာကမရွေ့တဲ့တစ်ယောက်ကိုမော့ကြည့်ကာ အရှိန်သတ်ရသည်...

"လမ်းလျှောက်ရင်တည့်တည့်လျှောက်...လျှောက်မဆော့ရဘူးနော်ကလေး.."

ဝလုံးခေါင်းလေးကိုအသာပုတ်ကာ နူးနူးညံ့ညံ့ပြောလာသူကြောင့် ဇတ်ကလေးပုသွားရသည်...
ဘောက်မဲ့ကြောင့် မဟားတရားအရပ်ရှည်နေရတာတုန်း...

"ဟာ ဝလုံးကလေးမဟုတ်ဘူးလို့!!!"

အမြန်ပြန်ပြောလိုက်ပေမဲ့ ထိုလူကခပ်လှမ်းလှမ်းတောင်ရောက်နေပြီ..

"ဒီလူတော့..!"

"ကလေးမဟုတ်ဘူးလုပ်‌မနေနဲ့..အရပ်က သူ့ရင်ဘတ်လောက်ပဲရှိတော့ ကလေးလို့ထင်သွားတာပေါ့ ခွီး"

"ပါးမှာလည်းပါးကွက်နှစ်လုံးနဲ့ ...ဟာ ဒါကရောမျောက်ကြီးလား...ဟား ဟား"

စိတ်တိုလို့ခုန်ဆွဆွဖြစ်နေတဲ့ဝလုံးကို နှိပ်ကွပ်ပြီးသကောင့်သားနှစ်ကောင်က တခွီးခွီး...

သူတို့နှစ်ယောက်ကြောင့် ပိုစိတ်တိုလာတဲ့ဝလုံးက ပါးကိုဖောင်းနှုတ်ခမ်းကိုထော်ပြီး ရှေ့ကထွက်လာတာဘောက်ဆတ်ဆတ် လုံးတုံးတုံးနဲ့...

"ဟေ့ ကိုကြီးလုံးလုံးစောင့်ပါအုံးဗျ ကိုကြီးလုံးလုံး!!"

"ခွီး ဟား ဟား.."

ဒင်းတို့နှစ်ကောင်နဲ့ အပြန်ကျသားရေကွင်းပစ်တမ်း‌ ဆော့မယ်လို့ကတိပေးထားတာ မဆော့တော့ဘူးပဲ...။

"ဝလုံးလေး"Where stories live. Discover now