အပိုင်း - ၁၆

299 27 7
                                    

အင်းထဲကပြန်လာတဲ့နေ့ကအိမ်ရောက်တော့ဝလုံးကောင်းကောင်းကြီးအဆူခံလိုက်ရသလို ခေါင်းပါအခေါက်ခံလိုက်ရသေးသည်...နည်းနည်းအလှမ်းဝေးတဲ့နေရာကသာကူစိကိုသူ့အမေလိုက်ရိုက်လို့ပတ်ပြေးနေတဲ့အသံပါကြားလိုက်ရသေးသည်..။

နေ့တစ်ဝက်လောက်ရေထဲဆင်း ရွှံ့ဗွက်တွေထဲ‌ငါးနှိုက်ခဲ့တဲ့အကျိုးကျေးဇူးကြောင့်အခုတော့ ဝလုံးတစ်ယောက်အဖျားကြီးဖျားလေပြီ...။

ခြေဖျားလက်ဖျားတွေကအေးစက်လို့ မျက်လုံးတွေကမဖွင့်နိုင်လောက်အောင်ကျိန်းစပ်နေသည်...နှာခေါင်းတစ်ဖက်ကပိတ်နေတာကြောင့် အသက်ရှူတာကို ပါးစပ်ကပါကူပေးနေရသည်..။

"အဟွတ် အဟွတ်! ရှူး!ရွှတ်!"

"သားလုံး ထ ထ ခဏလေးထလိုက် ဆန်ပြုတ်လေးသောက်ပြီးဆေးသောက်ရအောင်"

"ရွှတ်!"

အိပ်နေရာကနေ ငုတ်တုပ်ကလေးထထိုင်လာတဲ့ဝလုံးကအဖျားရှိန်‌ကြောင့် နေ့ချင်းညချင်းကိုမျက်တွင်းဟောက်ပက်နဲ့...

"မှန်းစမ်း.."

နဖူးပြင်လေးပေါ်ကျနေတဲ့ဆံပင်တစ်ချို့ကိုသပ်တင်ကာကိုယ်ပူစမ်းမိတော့ အပူရှိန်ကသူမလက်ကိုပါလာဟပ်သည်...။

"ဒီလိုဆိုသောက်ဆေးနဲ့မရဘူး ဆေးထိုးရမယ်"

"ရှူး ရွှတ်!"

"လာ ဆန်ပြုတ်လေးသောက်လိုက်"

အငွေ့တစ်ထောင်းထောင်းနဲ့ဆန်ပြုတ်ကသောက်ချင်စဖွယ်..လည်ချောင်းတွေနာနေပေမဲ့လည်း စိုးရိမ်နေတဲ့အမေ့ကြောင့် ကြိတ်မှိတ်မျိုချရသည်...

"တော်ပြီ~~"

ဆန်ပြုတ်တွေပန်းကန်တစ်ဝက်လောက်ကျန်တော့မှ ထွက်လာတဲ့အသံသေးသေးလေး~~ဆန်ပြုတ်ပူပူကိုသောက်လိုက်တာကြောင့် ချွေးစို့လာတဲ့သူ့ကို အမေကအင်္ကျီလဲပေးပြီး ‌စောင်လေးနဲ့ပတ်ထားပေးသည်..

ဂုတ်ထောက်နေတဲ့ဆံပင်ခွေခွေလေးတွေက မစည်းနှောင်ထားတော့ဖရိုဖရဲ..အဖျားရှိန်ကြောင့် မျက်လုံးလေးတွေနီရဲနေပြီး မျက်‌တောင်လေးတွေမှေး‌စင်းကျနေသည်...အသက်ရှူမဝတာကြောင့် ပါးစပ်ကလေးပါဟနေတဲ့ဝလုံးက စောင်ပုံထဲမှာသနားစရာလေးဖြစ်နေသည်...

"ဝလုံးလေး"On viuen les histories. Descobreix ara