အပိုင်း ၇

250 21 0
                                    

ပေစုတ်စုတ်မျက်နှာလေးနဲ့ ဂျစ်ကန်ကန်ပြောသွားပြီး ပြန်လှည့်ထွက်သွားတာ ဖွာလန်နေတဲ့ ဆံပင်လိမ်လိမ်လေးတွေကဝဲခနဲ...

ဘာစကားမှမဆိုနိုင်ဘဲ ကြောင်ကြည့်နေပြီးမှ သတိဝင်လာတဲ့ငြိမ်ဦးက တစ်ခုခုပြောမည်ပြုကာမှ အရိပ်အယောင်တောင်မမြင်ရတော့...

"ဟင်း~~"

လူကောင်သေးသေးနဲ့ကောင်လေးဟာ သူ့ကိုကလေးလို့ခေါ်လို့ ငြိမ်ဦးကိုအမြင်ကြည်ပုံမပေါ်ပေ...

သူကလည်းသူ ဒီကောင်လေးအသက်ကိုသိနေပေမဲ့ သေးသေးလုံး‌လုံးလေးမို့ ကလေး‌လို့မရည်ရွယ်ပဲခေါ်မိသွားတာ...

စတွေ့တုန်းကဆို သူ့ရင်ဘတ်လောက်ပဲရှိတဲ့အရပ်ကလေးနဲ့ ပါးနှစ်ဖက်မှာလည်းပါးကွက်ကလေးတွေနဲ့မို့ ချစ်စရာလေးလို့တောင်တွေးလိုက်မိသေးတာ...

ကလေးလို့ခေါ်တာမကြိုက်တဲ့ကောင်လေးကလည်း ပုဆိုးကိုစလွယ်သိုင်းလို့ ဂျစ်တူးတူးမျက်နှာဘေးလေးနဲ့မလား...

ပင်ပန်းနေပြီမို့ များများစားစားမတွေးနိုင်တော့... နောက်ကြုံမှသာ တောင်းပန်လိုက်တော့မည်...

"ကိုကြီးဝလုံး သားတို့ပြန်တော့မယ်.."

"အေးအေး မနက်မှကောက်ညှင်းပေါင်းစားရအောင် လာခဲ့ကြ.."

"ဟုတ် ကိုကြီးဝလုံး.."

ဝါးလုံးစိမ်းစိမ်းတွေနဲ့ ဘောင်ခတ်ထားတဲ့ခြံဝန်းနားရောက်မှ စလွယ်သိုင်းထားတဲ့ပုဆိုးကျကျနနပြန်ဝတ်ကာ ဆံပင်တွေကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြန်လုပ်နေတဲ့ဝလုံး...

အိမ်ဝိုင်းထဲက ဝါးကုလားထိုင်ပေါ် မှာ ပုတီးစိပ်ရင်း ဝလုံးကိုစောင့်နေတဲ့အမေ~~

"အမေ့ အပြင်ကိုထွက်မနေပါနဲ့ဆိုတာကို~~ဆောင်းဝင်လာပြီနော် ကျန်းမာရေးထိမယ် အိမ်ထဲမှာနားနားနေနေ နေပါအမေရယ်.."

ဝလုံးကိုယ်တိုင်လုပ်ထားတဲ့ ဝါးစိမ်းတံခါးလေးကို အထဲကနေသေချာပြန်ပိတ်ပြီး ပွစိပွစိပြောတော့ အမေကရယ်တယ်~~

"သားလုံးရယ် အမေ့အသက်အဲ့လောက်မကြီးသေးပါဘူးဟဲ့..တကတည်း တော့်မလည်း.."

"ဝလုံးလေး"Where stories live. Discover now