အပိုင်း ၁၀

253 17 4
                                    

"ပီ~~~~~~"

"ဟင်!"

ငြိမ်သက်နေတဲ့ လူအုပ်ကြီးရဲ့နောက်နားက လူမသိသူမသိအီးပေါက်သံတိုးတိုး~~

ဒါကဝလုံးအထင်သက်သက်...

"ခွီး!"

"အဟွတ်!"

"အဟမ်း ဟမ်း!"

"အဟိ အမ်း!"

ဘေးကအသံတွေနဲ့ လှည့်ကြည့်လာတဲ့မျက်လုံးတွေကို သတိထားမိပုံမရတဲ့ကောင်လေးကတော့ လေပူတွေပါမှုတ်ထုတ်လို့ ခေါင်းတညိမ့်ညိမ့်နဲ့ သူ့လုပ်ရပ်ကိုသူဘာသာ ဂုဏ်ယူနေသလိုမျိုး...

"...!"

"အဟမ်း ဒါဆိုရင် ဆရာမိုးသားလွင်ပြင်ကဆက်ပြီးဆွေးနွေးပါလိမ့်မယ်.."

ရီချင်စိတ်ကို နှုတ်ခမ်းနားလက်သီးဆုပ်တေ့လို့ ချောင်းဟန့်ရင်းဖြေဖျောက်ရသည်...

လူအုပ်ကလည်း သူ့အသံကြောင့်ရှေ့ပြန်လှည့်သွားကြပေမဲ့ပြုံးစိစိ... တရားခံကလည်းဘာမှမလုပ်ထားသလိုမျိုးမျက်နှာလေးကတည်သွားပြန်သည်...

မိုးသားကိုကြည့်တော့လည်း ရီချင်စိတ်ကိုအတင်းချုပ်တီးထားဟန် အံကိုကြိတ်လို့...

"အဟမ်း အဟမ်း ဒါဆို ခုနက ဆရာကိုတည်ငြိမ်ဦး ပြောခဲ့သလိုပဲ........."

ပြောသမျှကို ခေါင်းလေးတညိမ့်ညိမ့်နဲ့ လိုက်နားထောင်နေတဲ့ကောင်လေးက ခုနကပေါက်ကရလုပ်ထားတာ သူမဟုတ်တဲ့အတိုင်း ..

ငြိမ်ဦးခေါင်းကိုအသာခါလိုက်မိသည်...တွေ့တာနှစ်ရက်‌တောင်မပြည့်သေးပေမဲ့ ဒီကောင်လေးကို သူဂရုတစိုက်လိုက်ကြည့်နေမိသည်ပဲ.. ကလေးလိုလို ဘာလိုလိုနဲ့ကောင်လေးက သူ့အာရုံတွေကို တွေ့စတည်းကဖမ်းစားထားခဲ့သည်...

ဒီကောင်လေးက တကယ့်ကို တစ်ခုခုပါပဲ.....။

အားလုံးကိုယ့်အိမ်ကိုပြန်ကြတော့ မွန်းလွဲ ၁ချက်တီး...။ အပေါက်ဝကနေ အမေ့ကိုစောင့်နေရင်း ဝလုံးကဗိုက်ဆာနေပြီဖြစ်သည်...

"အဆင်ပြေရဲ့လား ဝလုံးလေး..."

"ဟုတ် ပြေပါတယ်ဗျ.."

ဒီနေ့မှ ရွာထဲကလူတွေက ထူးဆန်းနေသလို... ဝလုံးကပဲအရမ်းချောနေလို့လားမသိဘူး ကလေးတွေကအစ ဝလုံးကိုနှုတ်ဆက်သွားကြသည်...ဝလုံးချောတာ အားလုံးသိသွားပုံပေါ်သည်...

"ဝလုံးလေး"Where stories live. Discover now