အပိုင်း - ၁၃

311 22 8
                                    

"အဒေါ် ..!အဒေါ်! ညီလေးဝလုံး လူရှိလားဗျ..."

တနေကုန်ပင်ပန်းထားရတဲ့ အမေ့ကိုခြေလက်နှိပ်နယ်ပေးနေတုန်း ဝိုင်းရှေ့ကအော်ခေါ်သံကြောင့် ဝလုံးခါးလေးတွေမတ်ခနဲ...

ဒီအသံကြားဖူးနေသလိုလို...

"ဟော နေဝင်မှအိမ်ရှေ့က ဘယ်သူတွေတုန်းဟဲ့ သားလုံးသွားကြည့်စမ်းပါကွယ်..."

"ဟုတ်အမေ.."

သံချေးတက်နေတဲ့ ရေနံဆီမီးအိမ်လေးကိုလက်ကဆွဲလို့ ဝလုံးဝိုင်းထဲဆင်းခဲ့သည်...

လကွယ်ညမဟုတ်ပေမဲ့ နှင်းမှုန်တွေကြောင့် လရောင်ကခပ်ရေးရေး...နာရီ၆ချက်ကျော်သာရှိသေးပေမဲ့ အပြင်မှာက အတန်ငယ်မှောင်နေပြီဖြစ်သည်..

ဖျင်ကြမ်းစောင်အကွက်လေးကို ခေါင်းက‌နေကိုယ် အပေါ်ပိုင်းထိလုံအောင်ပတ်ထားသေးကာ လက်တစ်ဖက်ကမီးအိမ်ကိုမြှောက်ကိုင်လို့ ဝလုံးကဇဝေဇဝါ...

အနားရောက်မှ ရင်းနှီးတဲ့မျက်နှာနှစ်ခုကြောင့် တံခါးမြန်မြန်ဖွင့်ပေးလိုက်ရသည်..!

"ဟော ဆရာတို့ပါလား...အိမ်ထဲဝင်ပါဗျ.."

"မဝင်တော့ဘူးဗျ မနက်ကချိုင့်လေးလာပေးတာပါ.."

ဟုတ်သားပဲ!! အဘနှစ်ပတ်လည်နေ့မို့ရော အလုပ်တွေရှုပ်တာရောကြောင့် ချိုင့်ပြန်သွားယူဖို့မေ့နေခဲ့တာ...

ကမ်းပေးလာတဲ့ချိုင့်လေးကို အားနေတဲ့လက်တစ်ဖက်နဲ့ယူလိုက်ရင်း အားနာပါးနာစကားဆိုရသည်...

"အားနာစရာကြီးဗျာ ကျွန်တော်လာယူဖို့မေ့နေခဲ့လို့..."

"ရပါတယ်... အပန်းမကြီးပါဘူး .."

"ဟုတ် ဟို ကျေးဇူးတင်ပါတယ်ဗျ..."

"မဟုတ်တာ ကျွန်တော်တို့ကကျေးဇူးတင်ရမှာပါ... ဟို"

"အာ သူများခေါ်သလို ဝလုံးလို့ခေါ်လို့ရပါတယ်ဗျ... ကျွန်တော့်ထက်အသက်လည်းကြီးတယ်ဆိုတော့လေ.."

"အော် ဟုတ်ပါပြီ..."

"ဟို ဝလုံး ညီလေး အကိုနောက်ဖေးခန.."

ဘာစကားပြောရမလဲ‌စဉ်းစားနေတုန်း ဘေးကနေအသဲအသန်ထွက်လာတဲ့စကားသံကြောင့် ငြိမ်ဦးမျက်မှောင်ကျုံ့လိုက်မိသည်..

"ဝလုံးလေး"Where stories live. Discover now