အပိုင်း ၆

262 23 3
                                    

"ဟာ...ကိုကြီးဝလုံး!!"

နှစ်ယောက်သားပြိုင်တူအော်ရင်း မြေကြီးပေါ်ဖင်ထိုင်ကျနေတဲ့ဝလုံးနားပြေးသွားသည်က အူယားဖားယား...

ဝလုံးမှာအသဲကွဲရတာ အေးဆေးမကွဲရ...လောကကြီးက ဝလုံးကိုကြည်ပုံမရ..ဒီလူနဲ့လည်းရေစက်ပါပုံရသည်...

မြှီးညောင့်ရိုးလေးအောင့်တာတောင်မပြေသေး.. ရုတ်တရက်သူကြီးအိမ်ကထွက်လာတဲ့ထိုလူစိမ်းကြောင့် လန့်သွားလို့နောက်ဆုတ်လိုက်ပေမဲ့ မမှီတော့...

ထိုလူ့ရင်ဘတ်ဆီဒုတ်ခနဲဝင်တိုက်ကာ မြေကြီးပေါ်ဖုတ်ခနဲဖင်ထိုင်ရက်လေးကျသွားတဲ့ဝလုံး...
နာတဲ့အရှိန်နဲ့ အသဲကွဲလာတဲ့အရှိန်ပါရောပြီး ဝလုံးအော်ငိုတော့သည်...

ညနေပိုင်းရွာကိုရောက်ကတည်းက သူကြီးနဲ့အတူရွာကရပ်မိရပ်ဖတွေနဲ့ စကားစမြည်ပြောနေတဲ့ငြိမ်ဦးက ခရီးပန်းလာတာကြောင့် နားရမဲ့နေရာကိုသွားဖို့ အိမ်ဝိုင်းတံခါးကအထွက်...

ရှုပ်ပွနေတဲ့ခေါင်းတစ်လုံးက ရုတ်တရက်သူ့ရင်ဘတ်ဆီတည့်တည့်ဝင်လာတာကြောင့် ရှောင်လိုက်ပေမဲ့မမှီတော့...

ခေါင်းကဒုတ်ခနဲဝင်တိုက်လို့ ရင်ဘတ်အောင့်သွားတဲ့အပြင် လက်ထဲမှာကိုင်လာတဲ့အသီးကြီးက ခြေမပေါ်ကျလာတာကြောင့် အီစိမ့်သွားရသော်လည်း....

တစ်ဖက်ကလူမှာ သူ့ကိုဝင်တိုက်ပြီး မြေကြီးပေါ်ဖုတ်ခနဲကျသွားတာကြောင့် ပြာပြာသလဲဒူးထောက်ထိုင်လိုက်ကာကြည့်မိတော့ ညနေကကောင်လေး..

ခေါင်းလေးငုံ့နေတာကြောင့် တော်တော်များနာသွားလို့လားဟု မေးမည်ပြုကာမှ ခေါင်းမော့ကာ ‌ဗြဲခနဲအော်ငိုလာတာကြောင့် လန့်သွားရသည်..

"ဟာ! ကလေး !ဖွ ဖွ! တအားနာသွားလို့လား.."

"ဗြဲ!! "

ချော့ကာမှ အော်ငိုလာတဲ့ကောင်လေးကြောင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..နောက်ကပါလာတဲ့ ကလေးနှစ်ယောက်ကလည်း ခြေဆင်းထိုင်ငိုနေတဲ့ကောင်လေးကိုကြည့်ပြီး ခေါင်းတကုတ်ကုတ်...

ဆိုလာမီးအလင်းရောင်အောက်က မျက်နှာဝိုင်းဝိုင်းလေးက မျက်ရည်တွေနဲ့ပေလူးနေပြီး ညနေကမှတွေ့ခဲ့တဲ့ သနပ်ခါးတွေလည်းမကျန်တော့...

"ဝလုံးလေး"Donde viven las historias. Descúbrelo ahora